Connect with us

Africa & Middle East

အမေရိကန် နှင့် မဟာမိတ်တပ် များမှ IS အဖွဲ့ ပင်မ စခန်းအား အကြီးစား ဗုံးကျဲ တိုက်ခိုက်မှု ပြုလုပ်

၂၀၁၄ ခုနှစ် အောက်တိုဘာ လတွင် အမေရိကန် မှ ဆီးရီးယား နယ်နိမိတ် အတွင်း ရှိ IS တပ်ဖွဲ့အား လေကြောင်း မှ ဗုံးကျဲ တိုက်ခိုက်ခဲ့စဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ)

အမေရိကန် စစ်ဘက်ဆိုင်ရာမှ ဇူလိုင် ၄ ရက်နေ့က အမေရိကန် နှင့် မဟာမိတ် တပ်များသည် ဆီးရီးယား နိုင်ငံ Al-Raqqah ရှိ အကြမ်းဖက် အဖွဲ့အစည်း ဖြစ်သော IS တပ်ဖွဲ့ ၏ ပင်မ စခန်းအား လေကြောင်း ဗုံးကျဲ တိုင်ခိုက်မှု ၁၆ ကြိမ် ပြုလုပ် ခဲ့ပြီး IS တပ်ဖွဲ့ မှ ထိန်းချုပ်ထားသော အဆောက်အအုံ နှင့် ဆက်သွယ်မှု လမ်းကြောင်း များကို ဖျက်ဆီး နိုင်ခဲ့ ကြောင်း ထုတ်ပြန် ခဲ့သည်။

အမေရိကန် စစ်ဘက်ဆိုင်ရာ ၏ ပုံမှန် လေကြောင်း တိုက်ခိုက်မှု ထုတ်ပြန်ချက်တွင် ထိုနေ့တွင် ပြုလုပ် ခဲ့သော လေကြောင်း တိုက်ခိုက်မှု သည် ဆီးရီးယား နယ်နိမိတ် အတွင်း IS တပ်ဖွဲ့ အပေါ် ပြုလုပ် ခဲ့သည့် လေကြောင်း တိုက်ခိုက်မှု အတွင်း အကြီးမား ဆုံးသော လေကြောင်း တိုက်ခိုက်မှု တစ်ခု ဖြစ်ကြောင်း ၊ IS တပ်ဖွဲ့၏ လုပ်ဆောင်နိုင်မှု စွမ်းရည် ကို ပြင်းထန် စွာ တိုက်ခိုက် နိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

၂၀၁၄ ခုနှစ် သြဂုတ် လ မှ စတင်၍ အမေရိကန် နိုင်ငံ ဦးဆောင်သော မဟာမိတ် တပ်များသည် အီရတ် နိုင်ငံ အတွင်းရှိ IS တပ်ဖွဲ့များအား လေကြောင်း တိုက်ခိုက်မှု များ စတင်ပြုလုပ်ခဲ့သည်။ ထိုပြင် စက်တင်ဘာ လ တွင် လေကြောင်း တိုက်ခိုက်မှု ဧရိယာ ကို ဆီးရီးယား နယ်နိမိတ် အထိ တိုးချဲ လိုက်သည်။ အမေရိကန် နိုင်ငံမှ လေ့လာသူ များက IS တပ်ဖွဲ့ အပေါ် လေကြောင်း တိုက်ခိုက်မှု သည် ၎င်းတို့၏ လက်နက် ပစ္စည်း များကို ဖျက်ဆီး ပြစ်နိုင်သော်လည်း ထိုတပ်ဖွဲ့ ကို အပြီးအပြက် ချေမှုန်း နိုင်ရန် ခက်ခဲကြောင်း ၊ အမေရိကန် ပြည်တွင်း၌လည်း IS တပ်ဖွဲ့ အား တိုက်ခိုက်ရန် မြေပြင် တိုက်ခိုက်ရေး တပ်ဖွဲ့ များ စေလွှတ် ရန် သင့်၊မသင့် ကိုလည်း ဝေဖန်မှု များ မကြာခဏ ပြုလုပ် ခဲ့ကြသည်။

ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီး Walid Muallem မှ ယခု နှစ် မေလ ပိုင်းတွင် IS တပ်ဖွဲ့ အားချေမှုန်း ရန် အမေရိကန် ဦးဆောင်သော မဟာမိတ် တပ်ဖွဲ့၏ လေကြောင်း တိုက်ခိုက်မှု တစ်ခု တည်းကိုသာ အားကို ခြင်းသည် စိတ်ကူးယဉ်ဆန်ကြောင်း ၊ ဆီးရီးယား နိုင်ငံ အနေဖြင့် အမေရိကန် ၏ လေကြောင်းတိုက်ခိုက်မှု အပေါ် မည်သည့် အချိန်ကမှ မှီခိုမှု မရှိခဲ့ကြောင်း ပြောကြား ခဲ့ဖူးသည်။(Xinhua)