Connect with us

Africa & Middle East

အာဖဂန်တွင် မြေပြိုမှုကြောင့် အနည်းဆုံး လူ ၂၀ဦးသေဆုံး

အာဖဂန်နစ္စတန်တွင် ယခင်ကဖြစ်ပွားခဲ့သည့် မြေပြိုမှုတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဖိုင်ဇာဘတ်ဒ်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Badakhshan ပြည်နယ် Kohistan ခရိုင်တွင် ဇန်နဝါရီ ၆ရက်က မြေပြိုမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၀ဦးသေဆုံးပြီး အခြားလူ ၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့ (NDMA) အကြီးအကဲ Sayed Abdullah Hamayon Dehqan ကပြောကြားခဲ့သည်။

ယင်းမြေပြိုမှုသည် Kohistan ခရိုင် Shipo ဧရိယာ၌ ဒေသစံတော်ချိန် နံနက် ၁၀း၃၀နာရီတွင် လူ ၅၀ကျော်သည် ရွှေတွင်းတစ်တွင်း၌ တရားမဝင်တူးဖော်နေစဉ် မြေပြိုကျခဲ့ပြီး လူအားလုံးနီးပါး အရှင်လတ်လတ်မြေမြှုပ်ခံခဲ့ကြောင်း၊ ယခုအချိန်အထိ ရုပ်အလောင်း ၂၀ နှင့် ဒဏ်ရာရရှိသူ ၇ဦးကို ရှာတွေ့ခဲ့ကြောင်း Dehqan ကဆင်ဟွာသို့ပြောကြားခဲ့သည်။

ပျောက်ဆုံးနေသူများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေပြီး သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ကြောင်း တာဝန်ရှိသူကပြောကြားခဲ့သည်။

အကြမ်းဖက်သမားများ ကြီးစိုးနေသည့် အာဖဂန်နစ္စတန်နိုင်ငံတွင် အထူးသဖြင့် ကျေးလက်ဧရိယာများ နှင့် နိုင်ငံအစွန်အဖျားပိုင်းများတွင် ဗဟိုအစိုးရ၏ ထိန်းချုပ်နိုင်မှု အားနည်းနေပြီး အဓိကအားဖြင့် ရွှေ၊ ကျောက်မီးသွေး အပါအဝင် သဘာဝတွင်းထွက်ပစ္စည်းများအား တရားမဝင်တူးဖော်မှုတွင် တရားမဝင်လက်နက်ကိုင်များ မကြာခဏ ပါဝင်နေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.