Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် အာဖဂန်သတင်းထောက် ၂ဦးအသတ်ခံရ

အာဖဂန်နစ္စတန်တွင် ယခင်က အသတ်ခံရသည့် သတင်းထောက်များ၏ ဈာပနအခမ်းအနားအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ကဘူးလ်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့မြောက်ပိုင်း တာကာပြည်နယ် အခြေစိုက်ပြည်တွင်းအသံလွှင့်ရုံတစ်ခုဖြစ်သည့် Radio Hamsada မှ ဝန်ထမ်း ၂ဦး ကို အမည်မသိ သေနတ်သမား ၂ဦးက ၎င်းတို့၏ ရုံးခန်းအတွင်း၌ သေနတ်ဖြင့် ပစ်သတ်သွားခဲ့ကြောင်း အာဖဂန်သတင်းထောက်များဘေးကင်းလုံခြုံရေးကော်မတီ (AJSC) ထုတ်ပြန်ခဲ့သည်။

Radio Mamsada က စီးပွားရေးဆိုင်ရာကြေညာများအတွက်အသုံးပြုသော အဆောက်အအုံထဲသို့ ဖေဖော်ဝါရီ ၅ ရက် ညပိုင်းတွင် သေနတ်သမား ၂ဦးဝင်ရောက်လာပြီး Shafiq Arya နှင့် Rahimullah အမည်ရှိ သတင်းထောက် ၂ဦးကို ပစ်သတ်ခဲ့ကြောင်း သိရသည်။

ဒေသခံအာဏာပိုင်များက ယင်းသတ်ဖြတ်မှု၏ နောက်ကွယ်မှအကြောင်းရင်းကိုသိရှိခြင်းမရှိသေးကြောင်း နှင့် စုံစမ်းစစ်ဆေးမှုများစတင်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

AJSC က ယင်းဖြစ်စဉ်အား ပြစ်တင်ရှုတ်ချခဲ့ပြီး လူသတ်သမားများအား ဖော်ထုတ်ပြီး တရားဥပဒေအတိုင်း စီရင်ပေးရန် အစိုးရအားတောင်းဆိုခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

တာလီဘန် နှင့် အခြား စစ်သွေးကြွအုပ်စုများသည် အာဖဂန်နစ္စတန်နိုင်ငံအတွင်း လုပ်ကိုင်နေသည့် သတင်းထောက်များကို ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိကြောင်း သိရသည်။

AJSCမှ ထုတ်ပြန်သော အချက်အလက်များအရ ၂၀၁၈ခုနှစ်အတွင်း အာဖဂန်နစ္စတန်နိုင်ငံ ၌ သတင်းထောက် ၁၈ဦးအသတ်ခံခဲ့ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.