Connect with us

Africa & Middle East

အာဖဂန်နစ္စတန် နိုင်ငံ သမ္မတ က ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်မှု တွင် တက်ကြွစွာ ပါဝင်သွားလိုကြောင်း ပြောကြား

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အာဖဂန်နစ္စတန် နိုင်ငံ သမ္မတ Ashraf Ghani တွေ့ဆုံ ခဲ့စဉ်(ဆင်ဟွာ)

ကာဘူးလ် ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန် နိုင်ငံ သမ္မတ Ashraf Ghani က အာဖဂန်နစ္စတန် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် ဆက်ဆံရေး ကိုလွန်စွာ အလေးထားပြီး တရုတ် နိုင်ငံ အား ထာဝရ ယုံကြည်ရသည့် မဟာဗျူဟာ ပူးပေါင်း ဆောင်ရွက်မှု မိတ်ဆွေ အဖြစ် သတ်မှတ်ကာ ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်မှု တွင် တက်ကြွစွာ ပါဝင်သွားလိုကြောင်း ဇန်နဝါရီ ၈ ရက်နေ့ က ပြောကြား ခဲ့သည်။

Ashraf Ghani က အထက်ပါအကြောင်းအရာ ကို အာဖဂန်နစ္စတန် နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး အသစ် မစ္စတာ လျိုကျင့်ဆုန်း (Mr.Liu Jinsong) က သံအမတ်ကြီး ခန့်အပ်လွှာ အား လွှဲပြောင်း ပေးအပ်ရာတွင် ပြောကြား ခဲ့ခြင်း ဖြစ်သည်။

သံအမတ်ကြီး အသစ် မစ္စတာ လျိုကျင့်ဆုန်း က တရုတ် နိုင်ငံ အနေဖြင့် နှစ်နိုင်ငံ ခေါင်းဆောင် အပြန်အလှန် လည်ပတ်မှု နှင့် အရပ်ဘက် ဖလှယ်မှုများကို တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု နှင့် အာဖဂန်နစ္စတန် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ကို ချိတ်ဆက်ဆောင်ရွက်သွားပြီး နှစ်နိုင်ငံ ကဏ္ဍစုံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု ကို တွန်းအား ပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ အာဖဂန်နစ္စတန် နိုင်ငံ ဦးဆောင်ပြီး အာဖဂန်နစ္စတန် နိုင်ငံ ပိုင်ဆိုင်သည့် မူဝါဒ အခြေခံပေါ် မူတည်၍ အာဖဂန်နစ္စတန် နိုင်ငံ တည်ငြိမ်အေးချမ်းရေး နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ကူညီထောက်ပံ့သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.