Connect with us

Africa & Middle East

အီဂျစ် နိုင်ငံ သမ္မတ ရွေးကောက်ပွဲ အား မတ်လပိုင်းတွင် ကျင်းပ မည် ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာ

အီဂျစ် နိုင်ငံ အမျိုးသား ရွေးကောက်ပွဲ ကော်မရှင် က ဇန်နဝါရီ ၈ ရက်နေ့၌ သတင်းစာ ရှင်းလင်းပွဲ ကျင်းပ နေစဉ်(ဆင်ဟွာ)

ကိုင်ရို ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

အီဂျစ် နိုင်ငံ အမျိုးသား ရွေးကောက်ပွဲ ကော်မရှင် က ၂၀၁၈ ခုနှစ် အီဂျစ် နိုင်ငံ သမ္မတ ရွေးကောက်ပွဲ ဆန္ဒမဲ ကောက်ယူမှု ကို မတ်လ ၂၆ ရက်နေ့ မှ ၂၈ ရက်နေ့ အထိ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပြီး ပြည်ပ မဲဆန္ဒရှင်များ အနေဖြင့် မတ်လ ၁၆ ရက်နေ့ မှ ၁၈ ရက်နေ့ အထိ ကြိုတင်မဲ ပေး နိုင်ကြောင်း ဇန်နဝါရီ ၈ ရက်နေ့၌ အတည်ပြု ထုတ်ပြန်ခဲ့သည်။

အီဂျစ် နိုင်ငံ အမျိုးသား ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ Lasheen Ibrahim က သတင်းစာ ရှင်းလင်းပွဲ တွင် သမ္မတ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သူများ က ဇန်နဝါရီ ၂၀ မှ ၂၉ ရက် အတွင်း စာရင်း ပေးသွင်းရန် သတ်မှတ်ထားပြီး ကိုယ်စားလှယ်များအနေဖြင့် မဲဆွယ်စည်းရုံးပွဲ ကို မတ်လ ၂၄ နေ့တွင် စတင် ဆောင်ရွက် နိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Lasheen Ibrahim က သမ္မတ ရွေးကောက်ပွဲ ၏ ပထမ အသုတ် မဲရလဒ် အဖြေ ကို ဧပြီ ၂ ရက်နေ့ တွင် ထုတ်ပြန်ကြေညာ သွားမည်ဖြစ်ပြီး ပထမ အသုတ် မဲရလဒ် တွင် အနိုင်ရရှိသည့် ကိုယ်စားလှယ်၏ မဲရရှိမှု ရာခိုင်နှုန်း မှာ ၅၀ ရာခိုင်နှုန်း အထက် မရှိပါက ဒုတိယ အသုတ် ထပ်မံ ကျင်းပသွားမည် ဖြစ်ကြောင်း ၊ ဒုတိယ အသုတ် ဆန္ဒမဲ ကောက်ယူမှု တွင် ပြည်ပ မဲဆန္ဒရှင်များ ကြိုတင်မဲ ကို ဧပြီ ၁၉ ရက်နေ့ မှ ၂၁ ရက်နေ့ အထိ ကောက်ယူသွားမည် ဖြစ်ပြီး ပြည်တွင်း ဆန္ဒမဲ ပေးမှု ကို ဧပြီ ၂၄ ရက်နေ့ မှ ၂၆ ရက်နေ့ အထိ ကျင်းပ မည် ဖြစ်ကာ မေလ ၁ ရက်နေ့ တွင် ရလာဒ် အား ကြေညာ သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

လက်ရှိချိန်တွင် အီဂျစ် နိုင်ငံ သမ္မတ Abdel Fattah el-Sisi က ၂၀၁၈ ခုနှစ် သမ္မတ ရွေးကောက်ပွဲ ကို ဝင်ရောက် ယှဉ်ပြိုင်ရန် တရားဝင် ကြေညာထားခြင်း မရှိသော်လည်း အီဂျစ် နိုင်ငံ လေ့လာသုံးသပ်ရေး ပညာရှင် များက ၎င်းအနေဖြင့် ပါဝင်ယှဉ်ပြိုင်မည် ဟု ထင်မြင်ထားကြသည်။

အီဂျစ် နိုင်ငံ အခြေခံ ဥပဒေ အရ အီဂျစ် နိုင်ငံ သမ္မတ သက်တမ်း မှာ ၄ နှစ် ဖြစ်ပြီး ဆက်တိုက် နှစ်ကြိမ် တာဝန် ထမ်းဆောင် နိုင်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.