Connect with us

Africa & Middle East

အာဖဂန်မြောက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အဓိကတပ်မှူးတစ်ဦးအပါအဝင် စစ်သွေးကြွ ၆ဦးသေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ ရှိ တာလီဘန်စစ်သွေးကြွများအားတွေ့ရစဉ် (ဆင်ဟွာ)

အာဖဂန်နစ္စတန်၊ မေ ၂၃ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Kunduz ပြည်နယ် Imam Sahib ခရိုင်ရှိ တာလီဘန်တို့၏ ပုန်းခိုရာစခန်းတစ်ခုကို မေ ၂၃ရက်က လေကြောင်းတိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့ရာ တာလီဘန် အဓိက တပ်မှူးတစ်ဦး ဖြစ်သူ Mullah Karim Mukhlis အပါအဝင် စစ်သွေးကြွ ၆ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ Sunatullah Timuri ကပြောကြားခဲ့သည်။

ထောက်လှမ်းရေးသတင်းအချက်အလက်များအရ လုံခြုံရေးတပ်ဖွဲ့၏ တိုက်လေယာဉ်များသည် Imam Sahib ခရိုင် Kunjak ဧရိယာ ရှိ တာလီဘန်တို့၏ ပုန်းခိုရာစခန်းတစ်ခုကို မေလ ၂၃ရက် အစောပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့ရာ အဓိကတပ်မှူးတစ်ဦးဖြစ်သူ Mullah Karim Mukhlis အပါအဝင် စစ်သွေးကြွ ၆ဦး အခင်းဖြစ်ပွားရာ၌ပင် သေဆုံးသွားခဲ့ကြောင်း Timuri က ဆင်ဟွာသို့ပြောကြားခဲ့သည်။

Mullah Karim Mukhlis အား Kunjak ဧရိယာ တွင် အဓိက တပ်မှူးတစ်ဦးအဖြစ် သတ်မှတ်ထားကြောင်း၊ ယင်းသို့ စစ်သွေးကြွတပ်မှူးတစ်ဦး သေဆုံးသွားခြင်းကြောင့် ပြည်နယ်အတွင်းရှိ တာလီဘန်စစ်သွေးကြွအနေဖြင့် စိတ်ဓါတ်ကျဆင်းကာ တဖြည်းဖြည်းဆုတ်ခွာသွားနိုင်ကြောင်း ၎င်းကပြောကြားခဲ့သည်။

တာလီဘန်ဘက်မှ ယင်းဖြစ်ရပ် နှင့် ပတ်သက်၍ မှတ်ချက်တစ်စုံတစ်ရာပေးခြင်းမရှိကြောင်း သိရသည်။ (Xinhua)