Connect with us

Africa & Middle East

အာဖဂန်အစိုးရတပ်က တာလီဘန် ၁၉၄ ဦး အား ပစ်ခတ်ရှင်းလင်း

အာဖဂန်တပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ Ghazniပြည်နယ် Ghazniမြို့တွင် တာလီဘန်လက်နက်ကိုင်များနှင့် ရက်ဆက် တိုက်ပွဲများဖြစ်ပွားခဲ့ရာ တာလီဘန် ၁၉၄ ဦးအား ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း အာဖဂန်ကာကွယ်ရေး ဝန်ကြီးTariq Shah Bahramiက သြဂုတ် ၁၃ ရက်တွင် မီဒီယာများအား အတည်ပြုပြောကြားခဲ့သည်။

တိုက်ပွဲဖြစ်သည်မှာ ၄ ရက်မြောက်နေ့ရှိပြီဖြစ်ကြောင်း၊ Ghazniမြို့နေရာ တော်တော်များများကို အစိုးရတပ်က ထိန်းချုပ်ထားပြီဖြစ်ကြောင်း၊ သေဆုံးသူ တာလီဘန်များတွင် ၁၂ ဦးက တပ်မှူးများ ဖြစ်ကြောင်း၊ ထို့အပြင် တာလီဘန် ၁၄၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ၊ အပြန်အလှန် ပစ်ခတ်မှုများ ကြောင့် အစိုးရ တပ်ဖွဲ့ဝင် ၁၀၀ ခန့်နှင့် အရပ်သား ပြည်သူ ၃၀ ခန့် သေဆုံးခဲ့ကြောင်း ၊ လွန်ခဲ့သော ၂၄ နာရီခန့်လည်း Ghazniမြို့သို့ အထူးတပ်ဖွဲ့ဝင်များအပါအဝင် တပ်ဖွဲ့ဝင် အနည်းဆုံး ၁၀၀၀ ခန့် ကို အားဖြည့်ရန် စေလွှတ်ထားကြောင်း ၊ အစိုးရတပ်အနေဖြင့် တာလီဘန်လက်ကျန်များကို Ghazni မြို့မှ အမြန်ဆုံး ရှင်းလင်းသွားမည်ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးTariq Shah Bahramiက ယင်းနေ့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

Ghazniမြို့သည် အာဖဂန် မြို့တော် ကဘူးလ်နှင့် ၁၅၀ ကီလိုမီတာခန့်ကွာဝေးပြီး ကဘူးလ်နှင့် တောင်ပိုင်းဒေသများကို ချိတ်ဆက်စပ်ရာ အဓိကလမ်းကြောင်းဖြစ်သည်ဟု သိရသည်။ သြဂုတ် ၁၀ရက် နံနက်ပိုင်းတွင် တာလီဘန်များက နေရာအနှံ့မှ အင်အားစုကာ Ghazniမြို့သို့ အကြီးအကျယ် ဝင်ရောက်တိုက်ခိုက်ပြီး ယင်းမြို့အား ထိန်းချုပ်ရန်ကြိုးစားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.