Connect with us

Africa & Middle East

အီဂျစ်တွင် မွတ်စလင်ညီနောင်များအဖွဲ့ဝင် ၇၅ဦးကို သေဒဏ်ချမှတ်

အီဂျစ်နိုင်ငံ တရားရုံးတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ တရားရုံးတစ်ခု က မတရားအသင်းတစ်ခုဖြစ်သည့် မွတ်စလင်ညီနောင်များအဖွဲ့မှ အဖွဲ့ဝင် ၇၅ဦးကို အကြမ်းဖက်မှု နှင့် လူသတ်မှုစွဲချက်များဖြင့် ဇူလိုင် ၂၈ ရက် တွင် သေဒဏ်ချမှတ်ခဲ့ကြောင်း နိုင်ငံပိုင် MENA သတင်းဌာနကဖော်ပြခဲ့သည်။

အဆိုပါ ပြစ်မှုသည် ၂၀၁၃ခုနှစ်တွင် ဖြစ်ပွားခဲ့ပြီး တရားခံများသည် ရဲတပ်ဖွဲ့ဝင်များအား သတ်ဖြတ်မှု၊ လူသတ်ရန် ကြိုးပမ်းမှု နှင့် ပစ္စည်းများအား ဖျက်ဆီးမှုတို့ဖြင့် စွဲချက်တင်ခံထားရကြောင်း သိရသည်။

တရားရုံးက ပြစ်ဒဏ်ချမှတ်မှုအား ကနဦးသေဒဏ်ချမှတ်မှုအားလုံးကို ဘာသာရေးဆိုင်ရာ အဆုံးအဖြတ်ပေးသော နိုင်ငံ၏ အမြင့်ဆုံး အစ္စလာမ်မစ်တာဝန်ရှိသူဖြစ်သည့် Grand Mufti ထံသို့ တင်ပြထားကြောင်း သိရသည်။

Mufti ၏ သဘောထားအမြင်သည် ဥပဒေကြောင်းအရ မဟုတ်ဘဲ ထုံးလမ်းစဉ်လာအတိုင်း စဉ်းစားဆုံးဖြတ်ခြင်းဖြစ်ပြီး ၎င်း၏ နောက်ဆုံး ဆုံးဖြတ်ချက်သည် ပြစ်ဒဏ်အား လျှော့ပေါ့ပေးနိုင်ကြောင်း သိရသည်။ (Xinhua)