Connect with us

Africa & Middle East

အီဂျစ် နိုင်ငံ တွင် ဘတ်စ်ကား တစ်စင်း တိုက်ခိုက်ခံရ အနည်းဆုံး လူ ၇ ဦး သေဆုံး

အီဂျစ် နိုင်ငံ တွင် ဖြစ်ပွား ခဲ့သည့် ဘတ်စ်ကား တိုက်ခိုက်ခံရမှု တစ်ခု အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ကိုင်ရို ၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)

အီဂျစ် နိုင်ငံ Minya ပြည်နယ် တွင် နိုဝင်ဘာ ၂ ရက် ၌ ဘတ်စ်ကား တစ်စင်း တိုက်ခိုက်ခံရမှု ဖြစ်ပွား ခဲ့ပြီး အနည်းဆုံး လူ ၇ ဦး သေဆုံး ခဲ့ကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အီဂျစ်နိုင်ငံပိုင် သတင်းဌာန ၏ ဖော်ပြချက် အရ သိရှိရသည်။

သတင်းဖေါ်ပြချက်အရ အီဂျစ် နိုင်ငံ တောင်ပိုင်း Sohag ပြည်နယ် မှ Minya ပြည်နယ် သို့ မောင်းနှင်လာသည့် ဘတ်စ်ကား တစ်စင်း သည် အမည်မသိ လက်နက်ကိုင် အဖွဲ့ ၏ တိုက်ခိုက်မှု ကို ခံခဲ့ရခြင်း ဖြစ်ပြီး ဒဏ်ရာရရှိသည့် လူနား များအား ဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ပြီ ဖြစ်ကြောင်း သိရှိရသည်။

အချို့ သတင်း မီဒီယာ များ က IS အစွန်းရောက် အဖွဲ့အစည်း အနေဖြင့် ယခု တိုက်ခိုက်မှု အား ဆောင်ရွက်ခဲ့ကြောင်း ကြေညာ ခဲ့သည် ဟု ရေးသာား ဖော်ပြခဲ့ကြသည်။

အချင်း ဖြစ်ပွား ပြီးနောက် တွင် အီဂျစ် နိုင်ငံ သမ္မတ က သေဆုံးခဲ့သူများနှင့် ပတ်သက်၍ ဝမ်းနည်းကြောင်း ၊ အီဂျစ် နိုင်ငံ အစိုးရ အနေဖြင့် ဆက်လက်၍ အကြမ်းဖက် နှိမ်နင်းရေး ကို ဆောင်ရွက်သွားမည် ဖြစ်ပြီ တိုက်ခိုက်သူများအား အစွန်းကုန် ရှာဖွေ ဖမ်းဆီး သွားမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။

လတ်တလော နှစ်ပိုင်း အတွင်း အီဂျစ် နိုင်ငံ တွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွား လာခဲ့ပြီး ၂၀၁၇ ခုနှစ် မေလ တွင် ခရစ်ယာန် ဘာသာဝင် များ လိုက်ပါခဲ့သည့် ဘတ်စ်ကား အား လက်နက်ကိုင် အဖွဲ့ က တိုက်ခိုက်ခဲ့သောကြောင့် လူပေါင်း ၂၉ ဦး သေဆုံး ခဲ့ပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.