Connect with us

Africa & Middle East

အီရတ်မှ အီရန်စစ်ဘက်ဆိုင်ရာအကြံပေးအားလုံး ထွက်ခွာပြီးဖြစ်ကြောင်း အီရန်သံအမတ်ကြီးပြောကြား

အီရတ်နိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး Iraj Masjedi အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တီဟီရန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး Iraj Masjedi က အီရတ်တွင် IS စစ်သွေးကြွများအား နှိမ်နှင်းပြီးနောက် အီရန်စစ်ဘက်ဆိုင်ရာ အကြံပေးအရာရှိအားလုံးသည် အီရတ်နိုင်ငံမှ ထွက်ခွာလာခဲ့ပြီဖြစ်ကြောင်း Tehran Times နေ့စဉ်သတင်းစာက ဒီဇင်ဘာ ၂၉ ရက်တွင်ဖော်ပြခဲ့သည်။

IS စစ်သွေးကြွတို့အဆုံးသတ်သွားပြီဖြစ်သော်လည်း အမေရိကန်နိုင်ငံသည် အီရန်နိုင်ငံနှင့် မတူဘဲ အီရတ်နိုင်ငံ၌ ဆက်လက်တည်ရှိနေပြီး စစ်ဘက်ဆိုင်ရာဌာနချုပ်သစ်တစ်ခုကို ဆောက်လုပ်နေကြောင်း Masjedi၏ ဒီဇင်ဘာ ၂၈ ရက် ပြောကြားချက်ကို ကိုးကား၍ သတင်း၌ဖော်ပြခဲ့သည်။အီရန်သံအမတ်ကြီးက ဒေသအတွင်း အမေရိကန်စစ်တပ်တည်ရှိနေခြင်းသည် တရားမျှတမှုမရှိကြောင်း နှင့် ဒေသတွင်းနိုင်ငံများသည် ကိုယ်ပိုင်ကာကွယ်ရန် လုံလောက်သော ဒေသခံတပ်ဖွဲ့များရှိနေကြောင်း ပြောကြားခဲ့သည်။

ဒေသအတွင်း ကျင့်သုံးသော အမေရိကန်တို့၏ မဟာဗျူဟာမြောက်မူဝါဒသည် မတည်ငြိမ်မှု နှင့် ပဋိပက္ခကို ဖန်တီးရန်ဖြစ်သောကြောင့် ငြိမ်းချမ်းရေးရလဒ်များကို တားဆီးခြင်းဖြစ်ကြောင်း ၎င်းက မှတ်ချက်စကားပြောကြားခဲ့သည်။ဒီဇင်ဘာ ၂၆ရက်တွင် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က အီရတ်နိုင်ငံသို့ ရုတ်တရက်သွားရောက်လည်ပတ်ခဲ့ပြီး ယင်းခရီးစဉ်သည် ၂၀၁၇ခုနှစ်တွင် သမ္မတရာထူး လက်ခံပြီးနောက် စစ်မက်ဖြစ်ပွားရာဒေသရှိ အမေရိကန်တပ်ဖွဲ့ဝင်များထံ ပထမဆုံးအကြိမ်သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.