Connect with us

Africa & Middle East

အီရန်တွင် ရေကြီးမှုကြောင့် ၂ပတ်အတွင်း လူ ၅၇ဦး သေဆုံး

အီရန်နိုင်ငံတွင် ယခင်ကဖြစ်ပွားခဲ့သည့် ရေကြီးမှုတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ ရှိ ဒေသအစိတ်အပိုင်းအများအပြားတွင် လွန်ခဲ့သည့် ရက်သတ္တပတ် ၂ပတ်အတွင်း ရေလွှမ်းမိုးမှုကြောင့် အနည်းဆုံး လူ ၅၇ဦးသေဆုံးခဲ့ကြောင်း အီရန်နိုင်ငံ အရေးပေါ်အဖွဲ့အစည်း က ဧပြီ ၂ရက်တွင်ပြောကြားခဲ့သည်။

အဖွဲ့အစည်း၏ ပြောရေးဆိုခွင့်ရှိသူ Mojtaba Khaledi က မကြာသေးမီက ဖြစ်ပွားခဲ့သော ရေလွှမ်းမိုးမှုများကြောင့် လူ ၄၇၈ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် IRNA သတင်းဌာနသို့ပြောကြားခဲ့သည်။

မိုးသည်းထန်းစွာရွာသွန်းမှု နှင့် ရေကြီးမှုများကြောင်း မတ် ၁၉ ရက်မှ စ၍ ကျေးလက်နှင့် မြို့ပြလူနေဧရိယာများ အပါအဝင် အီရန်နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ၊ အခြေခံအဆောက်အအုံများ ကြီးမားစွာ ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။

အီရန်နိုင်ငံအနောက်ပိုင်း ရှိ ရွာများ နှင့်မြို့များစွာ၏ပတ်လည်တွင် ရေမျက်နှာပြင် မြင့်တက်လျက်ရှိကြောင်း သိရသည်။

Lorestan ပြည်နယ် Poldokhtar စီရင်စု ရှိ ရွာများစွာ ရွှံ့နွံများအောက်သို့ ရောက်ရှိကာ ပျောက်ကွယ်သွားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.