Connect with us

Africa & Middle East

အီရန်လေဆိပ်ရှိ လေယာဉ်ပျက်တစ်စီး၏ အစိတ်အပိုင်းများ ပေါက်ကွဲရာ လူ ၁၀ဦး ဒဏ်ရာရရှိ

လေယာဉ်ပျက်အစိတ်အပိုင်းများ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် အီရန်နိုင်ငံ Imam Khomeini နိုင်ငံတကာလေဆိပ်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တီဟီရန်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ Imam Khomeini နိုင်ငံတကာလေဆိပ် (IKA) တွင် အောက်တိုဘာ ၃၁ရက် နံနက်ပိုင်းက လေယာဉ်ပျက်တစ်စီး၏ အစိတ်အပိုင်းများ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၁၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် IRNA သတင်းဌာနက ဖော်ပြခဲ့သည်။

အဆိုပါ လေယာဉ်အား အီရန်နိုင်ငံ Mahan Airlines မှပိုင်ဆိုင်ခြင်းဖြစ်ကြောင်း တီဟီရန်အရေးပေါ်ဌာန ပြည်သူဆက်ဆံရေးမန်နေဂျာ Mohammad Karam Dorabadi က IRNA သို့ပြောကြားခဲ့သည်။

Mohammad Karam Dorabadi က က ပေါက်ကွဲမှုအား ထိန်းသိမ်းနိုင်ခဲ့ပြီး ဒဏ်ရာရရှိသူ ၁၀ဦးစလုံးကို ရဟတ်ယာဉ်ဖြင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

၎င်းက ပေါက်ကွဲမှုဖြစ်ပွားရခြင်းအကြောင်းရင်းကို နောက်ပိုင်းတွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.