Connect with us

Africa & Middle East

အီရန် နိုင်ငံ သမ္မတ က အီရတ် နှင့် ဆီးရီးယား နိုင်ငံ တို့တွင် IS အစွန်းရောက် အဖွဲ့အစည်း ကို အလုံးစုံ ချေမှုန်း နိုင်ခဲ့ပြီး ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

အီရန် နိုင်ငံ သမ္မတ Hassan Rouhani အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

တီဟီရန် ၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)

အီရန် နိုင်ငံ သမ္မတ Hassan Rouhani က နိုဝင်ဘာ ၂၁ ရက်နေ့၌ အီရန် နိုင်ငံ အစိုးရ တပ်ဖွဲ့အနေဖြင့် IS အစွန်းရောက် အဖွဲ့အစည်း ကို အလုံးစုံ ချေမှုန်း နိုင်ခဲ့ပြီး ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

Rouhani က ရုပ်မြင်သံကြားမှ တစ်ဆင့် တစ်နိုင်ငံ လုံးသို့ မိန့်ခွန်းပြောကြား ခဲ့ရာတွင် အီရတ် နိုင်ငံ အစိုးရ တပ်ဖွဲ့ အဆင့်မြင့် တပ်မမှူး က အီရန် နိုင်ငံ အမြင့်ဆုံး ခေါင်းဆောင် Ali Khamenei ထံသို့ IS တပ်ဖွဲ့အား ချေမှုန်း နိုင်ခဲ့သည့် သတင်း ကို ပေးပို့ခဲ့ပြီး ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

သတင်းဖော်ပြချက် များအရ အီရန် နိုင်ငံ သည် အပြည်ပြည်ဆိုင်ရာ IS အကြမ်းဖက် အဖွဲ့အစည်း နှိမ်နင်းရေး ပူပေါင်းလှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်ခဲ့ကြောင်း ၊ အီရန် နိုင်ငံ တပ်ဖွဲ့ဝင်များသည် အီရန် နှင့် ဆီးရီးယား နိုင်ငံ ပြည်သူလူထုများ နှင့် အတူတကွ တိုက်ပွဲဝင်ခဲ့ရာ IS တပ်ဖွဲ့ ၏ ဆီးရီးယား နိုင်ငံ အတွင်းရှိ နောက်ဆုံး နယ်မြေဖြစ်သည့် Abu Kamal ကို သိမ်းပိုက် နိုင်ခဲ့ကြောင်း ၊ ထို့ကြောင့် အကြမ်းဖက် တိုက်ဖျက်ရေး ပူးပေါင်းလှုပ်ရှားမှု စစ်ဆင်ရေးသည် အောင်မြင်မှု ရရှိခဲ့ပြီး IS တပ်ဖွဲ့ ကို အလုံးစုံ ချေမှုန်း နိုင်ခဲ့ကြောင်း သိရှိခဲ့ရသည်။

အီရန် နိုင်ငံ ဝန်ကြီးချုပ် Haider al-Abadi ကလည်း နိုဝင်ဘာ ၂၁ ရက်နေ့၌ Rawa မြို့ ကို သိမ်းပိုက် နိုင်ခဲ့ပြီး ဖြစ်သောကြောင့် အီရန် နိုင်ငံ အနေဖြင့် စစ်ရေး အရ IS အစွန်းရောက် အဖွဲ့အစည်း ကို ချေမှုန်း နိုင်ခဲ့ပြီး ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.