Connect with us

Africa & Middle East

ဥရောပ ဗဟိုဘဏ် မှ ယူရိုငွေ စက္ကူသစ် ၁၀၀ တန် နှင့် ၂၀၀ တန် ထုတ်ဝေမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

အသစ် ထုတ်ဝေ မည် ယူရိုငွေ စက္ကူသစ် ၁၀၀ တန် နှင့် ၂၀၀ တန် အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဖရန့်ဖွတ် ၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ဥရောပ ဗဟိုဘဏ် က စက်တင်ဘာ ၁၇ ရက် ၌ ယူရိုငွေ စက္ကူသစ် ၁၀၀ တန် နှင့် ၂၀၀ တန် တို့အား ၂၀၁၉ ခုနှစ် မေလ ၂၈ ရက် တွင် တရားဝင် ထုတ်ဝေ အသုံးပြု သွားမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။

ဥရောပ ဗဟိုဘဏ် ၏ ထုတ်ပြန်ချက်အရ အသစ် ထုတ်ဝေမည့် ယူရိုငွေ စက္ကူ များ က အလားတူ တန်ဖိုး ငွေစက္ကူ အဟောင်း နှင့် နှိုင်းယှဉ်လျင် အနံ အားဖြင့် အနည်းငယ် လျော့သွားပြီး အလျား အားဖြင့် တူညီကြောင်း ၊ စက္ကူ အရောင် အားဖြင့် တူညီပြီး ငွေစက္ကူ ၁၀၀ တန် အသစ် မှာ အစိမ်းရောင်း ဖြစ်ပြီး ၂၀၀ တန် မှာ အဝါရောင် ဖြစ်ကြောင်း သိရှိရသည်။

ဥရောပ ဗဟိုဘဏ် အလုပ်အမှုဆောင် အဖွဲ့ဝင် Yves Mersch က အသစ် ထုတ်ဝေမည့် ယူရို ငွေစက္ကူ ၁၀၀ တန် နှင့် ၂၀၀ တန် တို့က တုပထုတ်လုပ်ရန် ပိုမို ခက်ခဲစေပြီး လည်ပတ်အသုံးပြုရန် အတွက် ပိုမို လုံခြုံစေကာ စစ်ဆေးမှုများ ဆောင်ရွက်ရန်လည်း ပိုမိုလွယ်ကူ စေကြောင်း ပြောကြား ခဲ့သည်။

ယူရို ငွေစက္ကူ အား ၂၀၀၂ ခုနှစ် တွင် စတင်ထုတ်ဝေ ခဲ့ခြင်း ဖြစ်ပြီး ပထမ အကြိမ် ထုတ်ဝေ ခဲ့ရာတွင် ယူရို ၅ ၊ ၁၀ ၊ ၂၀ ၊ ၅၀ ၊ ၁၀၀ ၊ ၂၀၀ နှင့် ၅၀၀ တန်ဖိုးရှိ ငွေစက္ကူများအား အရောင် ၇ မျိုးဖြင့် ထုတ်ဝေ ခဲ့သည်။ ၂၀၁၃ ခုနှစ် တွင် ယူရို ၅ ၊ ၁၀ ၊ ၂၀ နှင့် ၅၀ တန်ဖိုးရှိ ငွေစက္ကူ သစ် အား ထပ်မံ ထုတ်ဝေ ခဲ့သည်။ယခင် ချမှတ်ထားသည့် အစီအစဉ် များအရ ဥရောပ ဗဟိုဘဏ် အနေဖြင့် ၂၀၁၈ ခုနှစ် နှစ်ကုန်ချိန် မှ စတင်၍ ယူရို ၅၀၀ တန် ငွေစက္ကူ ထုတ်ဝေခြင်း အား လုံးဝ ရပ်တန့် မည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.