Connect with us

China

တရုတ်ငွေ ယွမ် ၁၀၀ တန် အသစ် ထုတ်ဝေရန် ကြေငြာ

တရုတ်နိုင်ငံတွင် အသစ် ထုတ်ဝေမည့် ယွမ် ၁၀၀ တန် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)

နိုဝင်ဘာလ ၁၂ ရက်နေ့မှ စတင်၍ ယွမ် ၁၀၀ တန် အသစ် စတင်ထုတ်ဝေမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ ဗဟိုဘဏ်က တနင်္လာနေ့တွင် ကြေညာထားသည်။

အသစ်ဖြန့်ချိမည့် ငွေစက္ကူမှာ အတု ပြုလုပ် ရန်ခက်ခဲပြီး စက်မှ အလွယ်တကူ ဖတ်နိုင်ကြောင်း သိရသည်။

ယခု ငွေစက္ကူ အသစ်သည် ၂၀၀၅ ခုနှစ်က ထုတ်လုပ်ခဲ့သည့် ငွေ စက္ကူများ ဒီဇိုင်း တူညီသော်လည်း လုံခြုံရေး ဆိုင်ရာ သွင်ပြင် လက္ခဏာတွေ တိုးမြှင့်ထားကြောင်း ဗဟိုဘဏ်က ပြောပါသည်။

ယွမ် ၁ဝဝ တန်သည် တရုတ်နိုင်ငံ ငွေကြေးတွင် ပမာဏ အကြီးဆုံး ဖြစ်သည်။ လက်ရှိသုံးစွဲနေ သော ယွမ် ၁ဝဝ တန်သည် ငွေစက္ကူသစ် ထုတ်ပြန်ခဲ့ ပြီးလျှင်လည်း ဆက်လက် သုံးစွဲ နေဦးမည် ဖြစ်သည်။ (Xinhua)