Connect with us

Local

ကျပ်၁၀,၀၀၀ တန်ငွေစက္ကူသစ် ဇူလိုင်၁ရက်နေ့တွင် ထွက်ရှိမည်

ဇူလိုင်၁ရက်နေ့တွင် ထွက်ရှိမည့် ကျပ်၁၀,၀၀၀ တန်ငွေစက္ကူသစ်ပုံ(ဓာတ်ပုံ-MOI)

ရန်ကုန်၊ဇွန်၂၈ရက်(ဆင်ဟွာ)

ဇူလိုင်၁ရက်နေ့တွင် ထုတ်ဝေမည့် ငွေစက္ကူကျပ် ၁၀,၀၀၀ တန်သည် သက်တမ်းပိုမိုကြာရှည်ရန် ပြုလုပ်ထားပြီး၊ တောက်ပသည့် မြစိမ်းရောက်ပုံစံဂဏန်းသစ်၊ ရေစာသစ်နှင့် မျက်နှာပြင်နှစ်ဘက်ကို ဗားနစ်(Varnish) အလွှာဖြင့် ဖုံးအုပ်ကာကွယ်ထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ယနေ့ ကြေညာချက်ထုတ်ပြန်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူက “အခုထုတ်မယ့် တစ်သောင်းကျပ်တန် ငွေစက္ကူက တောက်ပတဲ့ မြစိမ်းရောင် ဂဏန်းပုံစံ အသစ်၊ ရေစာအသစ်နဲ့ ငွေစက္ကူ မျက်နှာပြင် နှစ်ဘက်ကို ဗားနစ် (Varnish) အလွှာနဲ့ ဖုံးအုပ် ကာကွယ်ထားခြင်းတကလွဲပြီး ကျန်တဲ့ ငွေစက္ကူ အရွယ်အစား၊ ပုံသဏ္ဍာန်နဲ့ အရောင် သတ်မှတ်ချက်တွေက မူလ တစ်သောင်းကျပ်တန် ငွေစက္ကူ အတိုင်း ပဲ’’ ဟုဆင်ဟွာကိုပြောသည်။ထိုကဲ့သို့ ကျပ်၁၀,၀၀၀ တန်ငွေစက္ကူအသစ်ကို ထုတ်ဝေခြင်းအားဖြင့် မြန်မာငွေတန်ဖိုး ကျဆင်းနိုင်ခြင်းမရှိဟု ဆိုသည်။

ငွေစက္ကူကို အနေအထား ပြောင်းလဲ ကြည့်လျှင် ယင်းဂဏန်း၏ တောက်ပမှု အလင်းရောင်သည် အထက်အောက် ရွေ့လျား နေသည့်အပြင် ဂဏန်း၏ အရောင်သည် မြစိမ်းရောင်မှ အပြာရင့်ရောင်သို့ ပြောင်းလဲ နိုင်ပါတယ်။

တစ်သောင်းကျပ်တန် ငွေစက္ကူ မျက်နှာစာ၏ လက်ဝဲဘက် အပိုင်းတွင် ပုံစံသစ်ဖြင့် ပြုလုပ်ထားသည့် ကြာဖြူပွင့်ပုံ ရေစာပါရှိပြီး၊ ငွေစက္ကူကို အလင်းရောင်တွင် ကြည့်ပါက ရေစာကို တွေ့ရမည် ဖြစ်သည်။ အဆိုပါ ငွေစက္ကူကို ဖုံးအုပ် ကာကွယ် ထားသည့် ဗားနစ် (Varnish) အလွှာသည် ပြင်ပမှ ရေခိုးရေငွေ့များ၊ အရည်များနှင့် အရောင် စွန်းထင်းနိုင်သည့် အရာများကြောင့် ငွေစက္ကူ အရည်အသွေး နိမ့်ကျ ပျက်စီးခြင်းကို ကာကွယ် စေသဖြင့် ငွေစက္ကူ၏ အသုံးပြုနိုင်မှု သက်တမ်းကို ပိုမို ရှည်ကြာ စေကြောင်း၊၎င်းအပြင် ငွေစက္ကူ၏ ရှေ့မျက်နှာစာ ဘယ်/ ညာ အစွန်းများတွင် ဖောင်းကြွ လိုင်းတိုများကို ထည့်သွင်း ထားသည်ဟု သိရသည်။

ငွေစက္ကူကို ကြည့်သည့် အနေအထားပေါ် မူတည်၍ လုံခြုံရေးကြိုး၏ အရောင်သည် ပန်းခရမ်းရောင်မှ အစိမ်းရောင်သို့ ပြောင်းလဲနိုင်သည်ဟု ကြေညာချက်ထဲတွင်ပါရှိသည်။

အဆိုပါငွေစက္ကူကျပ်၁၀,၀၀၀ တန်အသစ်များထုတ်ဝေသော်လည်း ၂၀၁၂ခုနှစ် ဇွန်လ ၁၅ ရက်နေ့ မှ ထုတ်ဝေခဲ့သည့် ငွေစက္ကူကျပ် ၁၀,၀၀၀ တန်ကိုလည်း ဆက်လက်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.