Connect with us

Africa & Middle East

အာဖဂန်အစိုးရတပ်ဖွဲ့က တာလီဘန်လက်နက်ကိုင် (၂၂၃) ဦးအား ပစ်ခတ်ရှင်းလင်း

အာဖဂန်နစ္စတန်နိုင်ငံ Kunduz တွင် အာဖဂန်အစိုးရတပ်က တာလီဘန်အကျဉ်းထောင်၌ ထိန်းသိမ်းခံထားရသူများအား ကယ်ဆယ်ခဲ့သည်ကို မေ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ ဇွန် ၄ ရက် (ဆင်ဟွာ)

ပြီးခဲ့သည့် ၂၄ နာရီအတွင်း အာဖဂန်အစိုးရတပ်သည် ပြည်နယ်အများစုတွင် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ပြီး တာလီဘန်လက်နက်ကိုင် (၂၂၃)ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း အာဖဂန်နစ္စတန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ဇွန် ၃ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အစိုးရတပ်များက Nangarhar ၊ Kandahar စသည့် ပြည်နယ်များတွင် တာလီဘန်လက်နက်ကိုင်တိုက်ဖျက်ရေး လှုပ်ရှားမှုများ ပြုလုပ်ခဲ့ရာ တာလီဘန်လက်နက်ကိုင် (၂၂၃)ဦးကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ပြီး (၁၂၆ )ဦးကို ဒဏ်ရာရအောင် ပစ်ခတ်နိုင်ခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ထို့အပြင် တာလီဘန်တို့ ထောင်ထားခဲ့သည့် လမ်းနံဘေး ဖောက်ခွဲရေးဗုံးများကို ရှာဖွေတွေ့ရှိပြီး ရှင်းလင်းဖယ်ရှားခဲ့ကြောင်း ဆိုသည်။

အမေရိကန်နှင့်နေတိုးတပ်ဖွဲ့ဝင်များ မေလ ၁ ရက်မှစ၍ အာဖဂန်မှ တပ်ရုပ်သိမ်းမှုများ စတင်ခဲ့ရာ စက်တင်ဘာ ၁၁ ရက်မတိုင်မီ အပြီးရုပ်သိမ်းရန် စီစဉ်ထားကြောင်း သိရသည်။ ယခုကာလများတွင် အာဖဂန်၌ တိုက်ခိုက်မှုများ အဆက်မပြတ်ဖြစ်ပွားလျက်ရှိရာ လုံခြုံရေးအခြေအနေ တစ်နေ့တစ်ခြား ဆိုးဝါးလျက်ရှိသည်။ (Xinhua)

———————————–
(Chinese Version)
(国际)阿富汗政府军打死223名塔利班武装人员
2021-06-03 17:47:44
新华社喀布尔6月3日电(记者史先涛)阿富汗国防部3日发表声明说,在过去24小时内,阿政府军在多个省展开行动,共打死223名塔利班武装人员。
声明说,政府军在楠格哈尔省、坎大哈省等多个省份展开打击塔利班武装的行动。除打死223名塔利班武装人员外,政府军还打伤126人。此外,政府军还发现并拆除了塔利班埋设的一批路边炸弹。
美国和北约军队5月1日开始正式撤离阿富汗,计划在9月11日前全部撤出。近期,阿富汗国内袭击事件不断,安全形势日趋恶化。(完)

新华社照片,昆都士(阿富汗),2021年5月26日
(国际)(1)阿富汗政府军从塔利班“监狱”解救62名被关押者
这是5月26日在阿富汗昆都士拍摄的阿政府军解救的被关押者。