Connect with us

Africa & Middle East

ယီမင်နိုင်ငံ Hodeidahမြို့တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားမှုကြောင့် လူ ၂၇ ဦး သေဆုံး

ယီမင်ရှိ စစ်ဘေးသင့် ကလေးငယ်များအား တွေ့ရစဉ်(ဆင်ဟွာ)

ကူဝိတ်စီးတီး ၊ အောက်တိုဘာ ၂ ရက်(ဆင်ဟွာ)

ယီမင်နိုင်ငံ အစိုးရတပ်နှင့် ဟူသီလက်နက်ကိုင်များသည် ပင်လယ်နီဆိပ်ကမ်းမြို့ဖြစ်သည့် Hodeidahမြို့ တွင် အောက်တိုဘာ ၁ ရက်က တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ရာ လူ ၂၇ ဦး သေဆုံးခဲ့ကြောင်း ယီမင် စစ်ဘက်ဆိုင်ရာက ယင်းနေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ နာရီပေါင်းများစွာကြာမြင့်ခဲ့ကြောင်း ၊ အစိုးရဘက်မှ တပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ပြီး လူ ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့ကြောင်း၊ အစိုးရတပ်က ဟူသီလက်နက်ကိုင် ၁၉ ဦးကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ပြီး လက်နက်အများအပြားကို သိမ်းဆည်းနိုင်ခဲ့ကြောင်း ယီမင်အစိုးရ စစ်ဘက်ဆိုင်ရာ ၏ သတင်းများအရသိရသည်။

ဟူသီလက်နက်ကိုင်များက “ကီလို ၁၆”လမ်းမကြီးကို ပြန်လည်သိမ်းပိုက်ရန် ကြိုးစားခဲ့သော်လည်း ဆော်ဒီဦးဆောင်သည့် မဟာမိတ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အောင်မြင်မှုမရရှိခဲ့ ကြောင်း သိရသည်။ ဟူသီလက်နက်ကိုင်များ ရှိသည့် Hodeidahမြို့နှင့် ၎င်းတို့ ထိန်းချုပ်ရာ မြို့တော် ဆာနားကို ချိတ်ဆက်ထားသည့် လမ်းကြောင်း ဖြစ်သော“ကီလို ၁၆”လမ်းမကြီးကို ဖြတ်တောက်ထား ကြောင်း ယီမင်အစိုးရတပ်က ပြီးခဲ့သောလတွင် ကြေညာခဲ့သည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် ယီမင်ဟူသီလက်နက်ကိုင်များက မြို့တော် ဆာနားကို သိမ်းပိုက် ခဲ့ပြီးနောက် ယီမင်တောင်ပိုင်းဒေသများကို ထိန်းချုပ်နိုင်ခဲ့ရာ ယီမင်သမ္မတ Hadiမှာ ဆော်ဒီအာရေဗျ နိုင်ငံသို့ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ ၂၀၁၅ ခုနှစ် မတ်လတွင် ဆော်ဒီအာရေဗျဦးဆောင်သော အာရပ်နိုင်ငံအချို့က ဟူသီလက်နက်ကိုင်များကို “Operation Decisive Storm”စစ်ရေးလှုပ်ရှားမှုများ ပြုလုပ် ခဲ့သည်။ယခုနှစ် ဇွန်လတွင် ယီမင်အစိုးရတပ်က Hodeidahမြို့ ကို ပြန်လည်သိမ်းပိုက်ရန် စစ်ရေးလှုပ်ရှားမှုများ စတင်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.