Africa & Middle East
ပျောက်ဆုံးနေသည့် ဆော်ဒီ သတင်းထောက် သေဆုံးမှုနှင့်ပတ်သက်၍ လူ ၁၈ ဦးကို ဖမ်းမိ

ရီယတ်၊ အော်တိုဘာ ၂၀ ရက် (ဆင်ဟွာ)
ပျောက်ဆုံးနေသော ဆော်ဒီ သတင်းထောက် Jamal Khashoggi သေဆုံးမှုနှင့်ပတ်သက်၍ လူ ၁၈ ဦးအား ဖမ်းဆီးထားကြောင်း ဆော်ဒီအာရေဗျနိုင်ငံက အောက်တိုဘာလ ၂၀ ရက်တွင် ပြောကြားလိုက်ကြောင်း Saudi Press Agemcy (SPA) က သတင်းဖော်ပြခဲ့သည်။
Khashoggi သည် အစ္စတန်ဘူလ်ရှိ ဆော်ဒီကောင်စစ်ဝန်ရုံး၌ ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံခဲ့ရပြီး သေဆုံးသွားခဲ့ကြောင်း အစိုးရရှေ့နေမှ ကနဦးစုံစမ်းစစ်ဆေးမှုအရ ထုတ်ဖော်ပြောကြားထားကြောင်း SPA က ဖော်ပြထားသည်။အဆိုပါ အမှုအား ဆက်လက် စုံစမ်းစစ်ဆေးသွားမည် ဖြစ်ကြောင်း ယင်း အစိုးရရှေ့နေက အတည်ပြုပြောကြားခဲ့သည်။ဆော်ဒီအာရေဗျနိုင်ငံက Khashoggi အား သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုရသည်ဟူသော စွပ်စွဲချက်များကို ဆော်ဒီအစိုးရက အစောပိုင်းတွင် ထပ်ကာထပ်ကာ ငြင်းဆိုထားခဲ့သည်။ (Xinhua)