Africa & Middle East
မာလာဝီနိုင်ငံတွင် လွတ်သွားသော ခြင်္သေ့ကြောင့် လူ ၃ ဦးဒဏ်ရာရ၊ ကျွဲနွား ၆ ကောင်သေဆုံး

Lilingwe ၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)
ဇင်ဘာဘွေနိုင်ငံ South Luangwa National Park မှ လွတ်သွားသည်ဟု ယူဆရသော ခြင်္သေ့တစ်ကောင်ကြောင့် မာလာဝီနိုင်ငံ မြောက်ပိုင်း နယ်စပ် Chitipa ခရိုင်တွင် ကျွဲနွား ၆ ကောင်သေဆုံးခဲ့ပြီး အနည်းဆုံး လူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ဇူလိုင်လ ၂၀ ရက်တွင် အတည်ပြုပြောကြားလိုက်သည်။
Chitipa ခရိုင် ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရဲကြပ်ကြီး Gladwell Simwaka က မာလာဝီနိုင်ငံ Game Rangers များနှင့် ရဲအရာရှိများက အဆိုပါ ခြင်္သေ့အား ဖမ်းဆီးရန်နှင့် ပြန်လည်သယ်ဆောင်နိုင်ရန် မျှော်လင့်ထားပြီး လိုအပ်ပါက ပစ်သတ်သွားမည် ဖြစ်ကြောင်း မီဒီယာအား ပြောကြားခဲ့သည်။
“အဲဒီခြင်္သေ့ကြောင့် Chitipa မှာ ပြဿနာတွေ ကြုံတွေ့နေရတယ်။ ခြင်္သေ့ကို ဇူလိုင် ၁၉ ရက်က Kasisi ကျေးရွာမှာ တွေ့ခဲ့ရပြီး လှံတွေ ပုဆိန်တွေနဲ့ သတ်ဖို့ ကြိုးစားတဲ့ လူ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်” ဟု Simwaka က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။အဆိုပါ ခြင်္သေ့အား တွေ့ရှိခဲ့ရာ နယ်မြေအနီးတွင် နေထိုင်ကြသူများအား အိမ်များအတွင်းတွင် နေထိုင်ကြရန် သတိပေးထားကြောင်း သိရသည်။ (Xinhua)