Connect with us

Africa & Middle East

တရုတ်နိုင်ငံနှင့် ယူအေအီးနိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဆက်ဆံရေးအဖြစ် ဆက်ဆံရေးအဆင့် မြှင့်တင်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား ပေးအပ်ချီးမြှင့်ခံရသည့် ယူအေအီးနိုင်ငံ၏ အမြင့်ဆုံး အရပ်သားဆုတံဆိပ်နှင့်အတူ တွေ့ရစဉ် (ဆင်ဟွာ)

အဘူဒါဘီ၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တို့သည် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဆက်ဆံရေးအဖြစ် ဆက်ဆံရေးအဖြစ် နှစ်နိုင်ငံ ဆက်ဆံရေးကို အဆင့်မြှင့်တင်ရန် ဇူလိုင်လ ၂၀ ရက်က ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ယူအေအီးနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၊ ယူအေအီးနိုင်ငံ ဒုတိယ သမ္မတနှင့် ဝန်ကြီးချုပ် Sheikh Mohammed bin Rashid Al Maktoum နှင့် အိမ်ရှေ့မင်းသားကြီး Sheikh Mohammed bin Zayed Al Nahyan တို့နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် အဆိုပါ ဆုံးဖြတ်ချက် ထွက်ပေါ်လာရခြင်း ဖြစ်သည်။

ဆက်ဆံရေးမြှင့်တင်ခြင်းအားဖြင့် တရုတ်နိုင်ငံနှင့် ယူအေအီးနိုင်ငံတို့သည် နယ်ပယ်မျိုးစုံ၌ နှစ်နိုင်ငံ နက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှု ခိုင်မာလာစေမည်ဖြစ်ကြောင်း၊ မြင့်မားသောအဆင့်များ၊ ကျယ်ပြန့်သော နယ်ပယ်နှင့် ပိုမိုနက်ရှိုင်းစွာဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးများအား ဆက်လက်ဖွံ့ဖြိုးတိုးတက်ရန် မြှင့်တင်သွားမည် ဖြစ်သည်။တရုတ်နိုင်ငံ သမ္မတ ရှီသည် ၂၉ နှစ်ကြာကာလအတွင်း တရုတ်နိုင်ငံ ခေါင်းဆောင်တစ်ဦးအနေဖြင့် ယူအေအီးနိုင်ငံသို့ ပထမဆုံးအဖြစ် ဇူလိုင်လ ၁၉ ရက်က ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။သတင်းအပြည့်အစုံဖတ်ရှုရန် Link- http://www.xinhuanet.com/english/2018-07/21/c_137338423.htm


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117