Africa & Middle East
ယီမင်အစိုးရတပ်နှင့် ဟူသီလက်နက်ကိုင်တို့အကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားမှု ကြောင့် လူ ၄၀ သေဆုံး

ဆာနား၊ ဇွန် ၁၁ ရက်(ဆင်ဟွာ)
ယီမင်နိုင်ငံအနောက်ပိုင်း Al Hudaydahပြည်နယ် နေရာအနှံ့တွင် အစိုးရတပ်နှင့် ဟူသီလက်နက်ကိုင် တို့အကြား တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားသောကြောင့် လူ ၄၀ သေဆုံးပြီး ဒဏ်ရာရသူ ဒါဇင်နှင့်ချီရှိ ကြောင်း ယီမင်ဒေသခံ ကျန်းမာရေးအရာရှိတစ်ဦးက ဇွန်လ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
၎င်းတိုက်ပွဲတွင် အစိုးရစစ်သား ၇ ဦး ၊ ဟူသီလက်နက်ကိုင် ၃၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ တိုက်ပွဲဖြစ်ပွားနေစဉ် ဆော်ဒီအာရေဗျဦးဆောင်သော မဟာမိတ်တပ်ဖွဲ့က ဟီသီလက်နက်ကိုင်များ ရှိရာနေရာကို လေကြောင်းဖြင့် ကူညီတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ယီမင်အစိုးရတပ်က ထုတ်ပြန် သည့် ဗီဒီယိုတွင် တွေ့ရသည်။ (Xinhua)