Connect with us

Africa & Middle East

ယီမင် နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန က ဟူသီ လက်နက်ကိုင် အဖွဲ့အစည်း အဖွဲ့ဝင် ၂၅၀ ကို ပစ်ခတ် ရှင်းလင်း ခဲ့ကြောင်း ထုတ်ပြန် ကြေညာ

ယီမင် နိုင်ငံ ဟူဒီ လက်နက်ကိုင် အဖွဲ့အစည်း တပ်ဖွဲ့ဝင် များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကူဝိတ်စီးတီး ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

ယီမင် နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန က ပြီးခဲ့သည့် တစ်ပတ်တာ ကာလ အတွင်း ယီမင် နိုင်ငံ အစိုးရ တပ်ဖွဲ့ အနေဖြင့် Al Hudaydah ပြည်နယ် အတွင်း အနည်းဆုံး ဟူသီ လက်နက်ကိုင် အဖွဲ့အစည်း အဖွဲ့ဝင် ၂၅၀ ကို ပစ်ခတ်ရှင်လင်း ခဲ့ကြောင်း ဇွန်လ ၁၁ ရက်နေ့ ၌ ထုတ်ပြန်ကြေညာ ခဲ့သည်။

ယီမင် နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်တွင် ဆော်ဒီအာရေဗျ နိုင်ငံ ဦးဆောင်သည့် ညွန်ပေါင်းတပ်ဖွဲ့ ၏ ကူညီထောက်ပံ့မှု အောက်တွင် ယီမင် နိုင်ငံ အစိုးရ တပ်ဖွဲ့ နှင့် ဟူသီ လက်နက်ကိုင် အဖွဲ့အစည်း တို့က Al Hudaydah ပြည်နယ် တောင်ပိုင်း ဒေသတွင် ပြင်းထန်သည့် တိုက်ပွဲ ဖြစ်ပွား ခဲ့ရာ ဟူသီ လက်နက်ကိုင် တပ်ဖွဲ့ တပ်မှူး ၂၀ ကျော် အပါအဝင် လက်နက်ကိုင် တပ်ဖွဲ့ဝင် ပေါင်း ၂၅၀ ကျော် ကို ပစ်ခတ်ရှင်းလင်း နိုင်ခဲ့ကြောင်း ၊ ထို့ပြင် အစိုးရ တပ်ဖွဲ့ အနေဖြင့် ဟူသီ လက်နက်ကိုင် တပ်ဖွဲ့ဝင် ၁၄၃ ဦး ကို ဖမ်းဆီး နိုင်ခဲ့ကြောင်း ပါဝင် ခဲ့သည်။

အမည်မဖော်လိုသည့် ယီမင် အစိုးရ တပ်ဖွဲ့ အရာရှိ တစ်ဦး ၏ ဆင်ဟွာ သတင်းဌာန သို့ ပြောကြားချက် အရ ဇွန်လ ၁၁ ရက်နေ့ နံနက်ပိုင်း အချိန်တွင် ယီမင် အစိုးရ တပ်ဖွဲ့ အမြောက်အများ က Al Hudaydah ပြည်နယ် အတွင်းရှိ Hudaydah ဆိပ်ကမ်းမြို့ သို့ ရောက်ရှိလာခဲ့ပြီး ဟူဒီ လက်နက်ကိုင် အဖွဲ့အစည်း အား အကြီးစား စစ်ဆင်ရေး ဆောင်ရွက်ရန် ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ကြောင်း ၊ ဆော်ဒီအာရေဗျ နိုင်ငံ ဦးဆောင်သည့် ညွန်ပေါင်းတပ်ဖွဲ့က Hudaydah မြို့ အတွင်းရှိ နိုင်ငံတကာ ကူညီထောက်ပံ့ရေး အဖွဲ့အစည်း များအား ၃ ရက် အတွင်း ထွက်ခွာကြရန် ထုတ်ပြန်ကြေညာ ခဲ့ကြောင်း သိရှိရသည်။

Hudaydah မြို့ သည် ဟူသီ လက်နက်ကိုင် အဖွဲ့အစည်း မှ ပြည်ပနှင့် ဆက်သွယ်သည့် အရေးပါသည့် လမ်းကြောင်း တစ်ခု ဖြစ်ပြီး နိုင်ငံတကာ ကူညီထောက်ပံ့ရေး အဖွဲ့အစည်း များ မှ ဟူသီ လက်နက်ကိုင် အဖွဲ့အစည်း ထိန်းချုပ်ထားသည့် ဒေသ သို့ ထောက်ပံ့ရေး ပြုလုပ်ရန် တစ်ခုတည်းသော လမ်းကြောင်း ဖြစ်သည်။ ကုလသမဂ္ဂ အရာရှိ တစ်ဦး က Hudaydah မြို့ ကို တိုက်ခိုက်ခြင်း သည် လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းအတွက် ဘေးဒုက္ခ ဖြစ်နိုင်ကြောင်း သတိပေး ပြောကြား ခဲ့သည်။

၂၀၁၄ ခုနှစ် စက်တင်ဘာ လပိုင်း တွင် ယီမင် ဟူသီ လက်နက်ကိုင် တပ်ဖွဲ့ မှ ယီမင် နိုင်ငံ မြို့တော် ကို သိမ်းပိုက် ခဲ့ပြီး နောက် ယီမင် နိုင်ငံ တောင်ပိုင်း ဒေသ ကို သိမ်းပိုက် ခဲ့သဖြင့် သမ္မတ Abdrabbuh Mansur Hadi မှာ ဆော်ဒီအာရေဗျ နိုင်ငံ သို့ တိမ်းရှောင် ခဲ့ရသည်။ ၂၀၁၅ ခုနှစ် မတ်လပိုင်း တွင် ဆော်ဒီအာရေဗျ နိုင်ငံ ဦးဆောင်သည့် ညွန်ပေါင်းတပ်ဖွဲ့သည် ဟူသီ လက်နက်ကိုင် တပ်ဖွဲ့ အား တိုက်ခိုက်သည့် စစ်ဆင်ရေး ကို စတင်ခဲ့ကြောင်း သိရှိခဲ့ရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.