Connect with us

Africa & Middle East

ယီမင်အစိုးရတပ်နှင့် ဟူသီလက်နက်ကိုင်တို့အကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားမှု ကြောင့် လူ ၄၀ သေဆုံး

၂၀၁၇ခုနှစ်တွင် လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ယီမင်မြို့တော်ဆာနားအား တွေ့ရစဉ်(ဓာတ်ပုံ- ဆင်ဟွာ )

ဆာနား၊ ဇွန် ၁၁ ရက်(ဆင်ဟွာ)

ယီမင်နိုင်ငံအနောက်ပိုင်း Al Hudaydahပြည်နယ် နေရာအနှံ့တွင် အစိုးရတပ်နှင့် ဟူသီလက်နက်ကိုင် တို့အကြား တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားသောကြောင့် လူ ၄၀ သေဆုံးပြီး ဒဏ်ရာရသူ ဒါဇင်နှင့်ချီရှိ ကြောင်း ယီမင်ဒေသခံ ကျန်းမာရေးအရာရှိတစ်ဦးက ဇွန်လ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

၎င်းတိုက်ပွဲတွင် အစိုးရစစ်သား ၇ ဦး ၊ ဟူသီလက်နက်ကိုင် ၃၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ တိုက်ပွဲဖြစ်ပွားနေစဉ် ဆော်ဒီအာရေဗျဦးဆောင်သော မဟာမိတ်တပ်ဖွဲ့က ဟီသီလက်နက်ကိုင်များ ရှိရာနေရာကို လေကြောင်းဖြင့် ကူညီတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ယီမင်အစိုးရတပ်က ထုတ်ပြန် သည့် ဗီဒီယိုတွင် တွေ့ရသည်။ (Xinhua)