Africa & Middle East
အာဖဂန် တောင်ပိုင်းပြည်နယ်တွင် ပေါက်ကွဲမှုကြောင့် ကလေးငယ် ၆ ဦး ဒဏ်ရာရ

ကဘူးလ်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)
အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း ကန်ဒါဟာပြည်နယ် ဆာဝါလီကော့ခရိုင်တွင် ဒီဇင်ဘာလ ၁၆ ရက်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ကလေးငယ် ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း မီဒီယာက ဒီဇင်ဘာလ ၁၇ ရက်တွင် သတင်းဖော်ပြခဲ့သည်။
Tolo ရုပ်သံလိုင်းမှ ပြသချက်အရ ဆာဝါလီကော့ခရိုင်တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကြောင့် မိန်းကလေး လေးဦးနှင့် ယောကျ်ားလေး နှစ်ဦး အပါအဝင် အပြစ်မဲ့ကလေးငယ် စုစုပေါင်း ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ပဋိပက္ခဖြစ်ပွားနေသည့် အာဖဂန်နစ္စတန်နိုင်ငံတွင် ပြီးခဲ့သော စစ်ပွဲများမှ ကျန်ရစ်ခဲ့သော မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသော အရာဝတ္ထုများကြောင့် လစဉ် သေဆုံးသူနှင့် ကိုယ်အင်္ဂ ါချို့တဲ့သူ ၅၀ ကျော် ရှိကြောင်း သိရသည်။ (Xinhua)