Connect with us

Africa & Middle East

ဂါဇာကမ်းမြောင်ဒေသသို့ လက်တုန့်ပြန်သည့်အနေဖြင့် အစ္စရေး စစ်ရဟတ်ယာဉ်များမှ လေကြောင်း တိုက်ခိုက်

အစ္စရေးစစ်လေယာဉ် တစ်စင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာ၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံမှ စစ်ရဟတ်ယာဉ်များသည် ဒီဇင်ဘာလ ၁၇ ရက်ညပိုင်းက ဂါဇာကမ်းမြောင်ဒေသရှိ စစ်သွေးကြွများ ပိုင်ဆိုင်သည့်နေရာများအား ပစ်မှတ်ထားကာ ဝေဟင်ပစ်ဒုံးကျည်များဖြင့်ပစ်ခတ်ခဲ့ကြောင်း မျက်မြင်သက်သေများနှင့် လုံခြုံရေး သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

လုံခြုံရေး သတင်းရင်းမြစ်များ၏ အဆိုအရ အစ္စရေး စစ်ရဟတ်ယာဉ်များက ဂါဇာကမ်းမြောင် မြောက်ပိုင်းရှိ Islamic Resistance Movement of Hamas စစ်သွေးကြွများပိုင်သော စစ်တပ်နေရာ နှစ်ခုသို့ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ယင်းနေရာများ အတော်များများ ပျက်စီးသွားခဲ့သော်လည်း ဒဏ်ရာရသူ မရှိခဲ့ကြောင်း သတင်းများက ဖော်ပြထားသည်။

ပေါက်ကွဲသံကြီးများနှင့် ဒရုန်းများနှင့် စစ်ရဟတ်ယာဉ် အသံများအား ဂါဇာကမ်းမြောင်တစ်ခွင် ကြားရကြောင်း ဂါဇာမြို့တွင် နေထိုင်သူများက ဆိုသည်။

အစ္စရေးနိုင်ငံ တောင်ပိုင်းသို့ ဂါဇာဒေသမှ ဒုံးကျည်ဖြင့် တိုက်ခိုက်သည့်အတွက် လက်စားချေသည့်အနေဖြင့် ယခုလို အစ္စရေး၏ လေကြောင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း အစ္စရေးမီဒီယာများက ဖော်ပြခဲ့သည်။

အစ္စရေးဘက်သို့ တိုက်ခိုက်ခဲ့သည်မှာ မည်သည့်အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း မသိရသေးပေ။ အဆိုပါ ဒုံးကျည်များကြောင့် အစ္စရေး နေအိမ်နှစ်လုံးအား ထိခဲ့ပြီး ပျက်စီးမှု များပြားခဲ့သော်လည်း ဒဏ်ရာရသူမရှိကြောင်း အစ္စရေး မီဒီယာများ၏ ရေးသားချက်အရ သိရသည်။

ဒီဇင်ဘာလ ၆ ရက်တွင် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က အစ္စရေးနိုင်ငံ၏ မြို့တော်အား ဂျေရုဆလမ်အဖြစ် အသိအမှတ်ပြုခဲ့ပြီးနောက် အစ္စရေးနိုင်ငံသားများနှင့် ပါလက်စတိုင်းနိုင်ငံသားများအကြား တင်းမာမှု မြင့်တက်လာခဲ့ကာ တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်း ၈ ဦး သေဆုံးပြီး လူပေါင်း ၂၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.