Africa & Middle East
အာဖဂန်နိုင်ငံတွင် ဗုံးခွဲတိုက်ခိုက်မှုကြောင့် အမေရိကန် စစ်သား ၃ ဦးသေဆုံး

ဝါရှင်တန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းတွင် လမ်းဘေးဗုံးပေါက်ကွဲမှုကြောင့် အမေရိကန် စစ်သား ၃ ဦး သေဆုံးကြောင်း ဝါရှင်တန်ပို့စ်သတင်းစာက နိုဝင်ဘာလ ၂၇ ရက်သတင်းဖော်ပြချက်အရ သိရသည်။
အမေရိကန် စစ်တပ်တာဝန်ရှိများ၏ ဖော်ပြချက်အရ အဆိုပါ ဖြစ်ရပ်သည် ဂါ့ဇ်နီမြို့အနီး အမေရိကန် စစ်တပ် ကင်းလှည့်နေစဉ် ဖြစ်ပွားခဲ့ကြောင်း၊ တပ်ဖွဲ့ဝင် သုံးဦးနှင့် စစ်ဘက်ဆိုင်ရာလုပ်ငန်း ထောက်ပံ့ဆောင်ရွက်သူတစ်ဦးတို့ ဒဏ်ရာရသွားခဲ့ကြောင်း သိရသည်။
ယင်းနေရာမှ အသက်ရှင်ကျန်ရစ်သူများအား ရွှေ့ပြောင်းထားပြီး ဆေးကုသမှုခံယူနေပြီဖြစ်ကြောင်း သတင်းအရသိရသည်။
အဆိုပါ တိုက်ခိုက်မှုတွင် ထိခိုက်ပျက်စီးမှုများကို အာဖဂန်ရှိ NATO ၏ Resolute Support Mission တရားဝင်ဝက်ဘ်ဆိုက်၌ အတည်ပြုဖော်ပြထားသည်။
ထိုတိုက်ခိုက်မှုသည် ပြီးခဲ့သည့် ၁၇ လအတွင်း အမေရိကန် စစ်တပ်အပေါ် အဆိုးဝါးဆုံး တိုက်ခိုက်မှု ဖြစ်လာခဲ့သည်။
အမေရိကန်နိုင်ငံက အာဖဂန်နစ္စတန်နိုင်ငံသို့ ၂၀၀၁ ခုနှစ်က ဝင်ရောက်ချိန်မှစ၍ အမေရိကန်စစ်သား သေဆုံးမှုမှာ ၂,၄၀၀ ဦး ကျော်သွားပြီဖြစ်ကြောင်း သိရသည်။ (Xinhua)