Africa & Middle East
အီဂျစ်တွင် ရထားတွဲချော်၍ လူ ၅၅ဦးဒဏ်ရာရရှိ

ကိုင်ရို၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)
အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရိုမြို့ တောင်ပိုင်း ဂီဇာမြို့ အနီးတွင် ဇူလိုင် ၁၃ ရက် က အီဂျစ်ရထားတစ်စီး တွဲချော်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၅၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် MENA သတင်းဌာန က ဖော်ပြခဲ့သည်။
အဆိုပါ ရထားသည် ကိုင်ရိုမြို့မှ တောင်ပိုင်း Qena ပြည်နယ် သို့ ခရီးထွက်ခွာလာခြင်းဖြစ်ပြီး ရထား၏ တွဲ ၃တွဲ ချော်ထွက်ကာ တိမ်းမှောက်သွားကြောင်း အီဂျစ်အမျိုးသားရထားလမ်းဌာန က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။အီဂျစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန က ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် အခင်းဖြစ်ပွားရာသို့ လူနာတင်ယာဉ် ၂၅စီး စေလွှတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။အီဂျစ်နိုင်ငံတွင် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း လူသေဆုံးခဲ့သည့် ရထားမတော်တဆမှုများ ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်ရပ်များအတွင်း လူရာနှင့်ချီ သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)