Connect with us

Africa & Middle East

တူရကီ တွင် နိုင်ငံတော်အရေးပေါ်အခြေအနေ အား ဇူလိုင် ၁၈ ရက်တွင် ပယ်ဖျက်ရန် အသင့်ရှိကြောင်း ကြေညာ

တူရကီနိုင်ငံ သမ္မတ ရီဆတ် တေယစ် အာဒိုဂန် အားတွေ့ရစဉ် (ဆင်ဟွာ)

အန်ကာရာ၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ အစိုးရ က ၂နှစ်ကြာ နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာထားမှုအား ၎င်း၏ နောက်ဆုံးရက်မတိုင်မီ တစ်ရက် အလိုဖြစ်သည့် ဇူလိုင် ၁၈ ရက်တွင် ပယ်ဖျက်ရန် အသင့်ရှိနေကြောင်း ဇူလိုင် ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ကြေညာချက်အား တူရကီနိုင်ငံသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ Ibrahim Kalin က ဝန်ကြီးအဖွဲ့၏ ပထမအစည်းအဝေးပြီးနောက် မြို့တော် အန်ကာရာမြို့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။တူရကီနိုင်ငံတွင် လူပေါင်း ၂၅၀သေဆုံးပြီး အခြားလူ ၂,၀၀၀ကျော် ဒဏ်ရာရရှိခဲ့သည့် စစ်တပ်အာဏာသိမ်းမှု ကျရှုံးခဲ့ပြီးနောက် ၂၀၁၆ခုနှစ် ဇူလိုင်တွင် နိုင်ငံတော်အရေးပေါ်အခြေအနေတစ်ခု ကြေညာခဲ့ကြောင်း သိရသည်။

အရေးပေါ်အခြေအနေစတင်ကြေညာခဲ့ပြီးကတည်းက ၇ကြိမ်တိုင် သက်တမ်း တိုးမြှင့်ခဲ့ကြောင်း သိရသည်။Kalin က သို့ရာတွင် တူရကီနိုင်ငံသည် သာမန်မဟုတ်သော ခြိမ်းခြောက်မှုတစ်ခုနှင့် ကြုံတွေ့ရပါက နိုင်ငံတော်အရေးပေါ်အခြေအနေကို ထပ်မံကြေညာနိုင်ခြေရှိကြောင်း ပြောကြားခဲ့သည်။တူရကီသမ္မတ ရီဆတ် တေယစ် အာဒိုဂန် (Recep Tayyip Erdogan) သည် ဇူလိုင် ၉ ရက်တွင် ၎င်း၏ ဒုတိယမြောက် သမ္မတ သက်တမ်းအား တာဝန်ထမ်းဆောင်ရန် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။ (Xinhua)