Connect with us

Asia

ကင်ဂျုံအမ်နှင့် မွန်ဂျေအင်တို့က လက်ရှိ တောင်-မြောက်ကိုရီးယားဆက်ဆံရေးကို အထူးကျေနပ်အားရကြောင်း ဆို

- တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံ ခေါင်းဆောင်အား တွေ့ရစဉ်(ဆင်ဟွာ)

ပြုံယမ်း၊ စက်တင်ဘာ ၁၉ ရက်(ဆင်ဟွာ)

လက်ရှိ တောင်-မြောက်ကိုရီးယား ဆက်ဆံရေးကို အထူး ကျေနပ်အားရကြောင်း ၊ နှစ်နိုင်ငံဆက်ဆံ ရေး ပိုမို လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရန် ထဲထဲဝင်ဝင်ဆွေးနွေး ဖလှယ်သွားမည်ဖြစ်ကြောင်း တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံ ခေါင်းဆောင်တို့က စက်တင်ဘာ ၁၈ ရက် ပြုံယမ်းတွင်ကျင်းပသည့် ထိပ်သီး အစည်းအဝေးတွင် ပြောကြားခဲ့သည်ဟု မြောက်ကိုရီးယား ဗဟိုသတင်းအေဂျင်စီ(KCNA) ၏ စက်တင်ဘာ ၁၉ ရက် သတင်းများအရ သိရသည်။

ယခုနှစ်အတွင်း ထိပ်သီးဆွေးနွေးပွဲနှစ်ကြိမ် အောင်မြင်စွာ ကျင်းပခဲ့ရာ လက်ရှိ တောင်-မြောက် ကိုရီးယားဆက်ဆံရေး တိုးတက်ကောင်းမွန်နေသည့်အခြေအနေကို နှစ်နိုင်ငံခေါင်းဆောင်က အထူးကျေနပ် အားရကြောင်း ၊ ပန်မွန်ဂျုံကြေညာချက်ကို ဘက်စုံ အကောင်အထည်ဖော်သွားရန်၊ တောင်-မြောက် ဆက်ဆံရေး ပိုမိုလျှင်မြန်စွာဖွံ့ဖြိုးတိုးတက်စေရန် သဘောထားအမြင်များ ထဲထဲဝင်ဝင် ဆွေးနွေးဖလှယ် ခဲ့ပြီး နှစ်ဖက်အလေးထားသည့် အရေးကြီးကိစ္စရပ်များကိုလည်း ပွင့်လင်းမြင်သာစွာ ဆွေးနွေးခဲ့ ကြောင်း သိရသည်။

ဆွေးနွေးပွဲကို မြောက်ကိုရီးယား အလုပ်သမားပါတီ(WPK)ဗဟိုကော်မတီရုံးချုပ်တွင် ကျင်းပခဲ့သည်။ ဆွေးနွေးပွဲမတိုင်မီ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်က ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် “ငြိမ်းချမ်းရေးနှင့်စည်ပင်သာယာဝပြောရေးသည် ပြည်သူများ၏ တူညီသည့်စိတ်ဆန္ဒဖြစ်သည်”ဟု ရေးသားခဲ့ကြောင်း သိရသည်။

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင် ဦးဆောင်သည့်အဖွဲ့သည် စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းက ပြုံယမ်းကို ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ယခုခရီးစဉ်သည် စက်တင်ဘာ ၂၀ ရက်အထိ ကြာမည်ဖြစ် သည်ဟု ခန့်မှန်းရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.