Connect with us

Asia

မလေးရှားဝန်ကြီးချုပ်ဟောင်း စွဲချက်အသစ် ၂၀ နှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ပြောကြား

တရားရုံးမှ ထွက်ခွာလာသည့် မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ် အားတွေ့ရစဉ် (ဆင်ဟွာ)

ကွာလာလမ်ပူ၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံ ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ် (Najib Razak) သည် နိုင်ငံတော်ရန်ပုံငွေ 1MDB နှင့် ဆက်စပ်၍ စွဲချက်သစ် ၂၀ ကျော် နှင့် ရင်ဆိုင်ရနိုင်ခြေရှိကြောင်း ရဲတပ်ဖွဲ့က စက်တင်ဘာ ၂၀ ရက်တွင်ပြောကြားခဲ့သည်။

နာဂျစ်အား မလေးရှားနိုင်ငံ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ကော်မရှင် (MACC) က စက်တင်ဘာ ၁၉ ရက်တွင် 1MDB နှင့် ဆက်စပ်နေသည့် ကိစ္စရပ်ဖြင့် ထပ်မံဖမ်းဆီးခဲ့ပြီး စက်တင်ဘာ ၂၀ ရက်တွင် ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။

MACC က နာဂျစ်သည် စက်တင်ဘာ ၂၀ ရက် နှောင်းပိုင်းတွင် တရားရင်ဆိုင်ရန် တရားရုံးသို့ ရောက်ရှိလာနိုင်ကြောင်း ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်အဖြစ် နာဂျစ် တာဝန်ထမ်းဆောင်နေစဉ် ၎င်း၏ ကိုယ်ပိုင်ဘဏ်အကောင့်ထဲသို့ ရောက်ရှိနေသည့် အမေရိကန်ဒေါ်လာ ၆၈၁သန်း နှင့် ဆက်စပ်နေသည့် စွဲချက်များအပါအဝင် တရားမဝင် ငွေကြေးများအား လက်ခံခြင်း၊ အသုံးပြုခြင်း၊ အခြားအဖွဲ့အစည်းများသို့ ရွှေ့ပြောင်းခြင်းအပါအဝင် စွဲချက် ၂၁ချက် ဖြင့် ၎င်းအား တရားစွဲဆိုရန် အဆင်သင့်ဖြစ်နေကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်၌ပြောကြားခဲ့သည်။

နာဂျစ်သည် မေလတွင် ရွေးကောက်ပွဲ၌ ရှုံးနိမ့်ခဲ့ပြီးချိန်မှစ၍ အာဏာအလွဲသုံးစားလုပ်မှု၊ ငွေကြေးခဝါချမှု စသည့် ရာဇဝတ်မှုစွဲချက်များနှင့် ရင်ဆိုင်နေရပြီး ယင်းစွဲချက်အားလုံးသည် 1MDB ရန်ပုံငွေ ၏ အခွဲတစ်ခုဖြစ်ခဲ့သော SRC International မှ ၎င်း၏ ကိုယ်ပိုင်ဘဏ်အကောင့်ထဲသို့ မလေးရှား ရင်းဂစ် ၄၂ သန်း (အမေရိကန်ဒေါ်လာ ၁၀.၃သန်း) လွှဲပြောင်းပေးမှု နှင့် ဆက်စပ်နေကြောင်း သိရသည်။

နာဂျစ် က ယင်းစွဲချက်များ နှင့် ပတ်သက်၍ အပြစ်မရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.