Connect with us

Asia

ဂျပန်နိုင်ငံ Sendaiမြို့တွင် ရဲဝန်ထမ်းအား တိုက်ခိုက်မှု ဖြစ်ပွား

ဂျပန်လုံခြုံရေးရဲဝန်ထမ်း ၂ ဦးအား တွေ့ရစဉ်(ဓါတ်ပုံ-အင်တာနက်)

တိုကျို ၊ စက်တင်ဘာ ၁၉ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံ Miyagi စီရင်စု Sendaiမြို့ရှိ ရဲစခန်းတစ်ခုတွင် စက်တင်ဘာ ၁၉ ရက်က ဓားကိုင် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ လူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်ရပ်မှာ စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်း ၄ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ အမျိုးသားတစ်ဦးက ပစ္စည်းကောက်ရသည်ဟုဆိုကာ ရဲစခန်းအတွင်းသို့ ဝင်ရောက်လာပြီး အမှုလက်ခံ သည့်ရဲဝန်ထမ်းအား ဓားဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အချင်းဖြစ်ပွားချိန်၌ ရဲစခန်း အတွင်းရှိအခြားနေရာတွင် တာဝန်ကျရဲဝန်ထမ်းတစ်ဦးရှိကြောင်း ၊ ၎င်းမှာ တိုက်သံခိုက်သံများ ကြောင့် အချင်းဖြစ်နေရာသို့ချက်ချင်းရောက်ရှိလာပြီး တိုက်ခိုက်သူအား သေနတ်ဖြင့်ပစ်ခတ် ထိန်းချုပ် ခဲ့ကြောင်း ၊ ထို့နောက် တိုက်ခိုက်ခံရသူ ရဲဝန်ထမ်းနှင့် တိုက်ခိုက်သူတို့ကို ဆေးရုံသို့ ပို့ဆောင်ခဲ့သော် လည်း ၂ ဦးစလုံးသေဆုံးခဲ့ကြောင်း သတင်းများအရ သိရသည်။

အချင်းဖြစ်ပွားသည့် ရဲစခန်းမှာ Sendaiမြို့ လူနေရပ်ကွက်တစ်ခုအတွင်းတွင် ဖြစ်သည်။ ရဲစခန်း အတွင်း ဓားကိုင်တိုက်ခိုက်သူမှာ မည်သူမည်ဝါဖြစ်သည်ဟု အတိအကျမသိရှိရသေးကြောင်း ၊ အမှုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း Miyagi စီရင်စုရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.