Connect with us

Asia

ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးအစည်းအဝေးကို အစီအစဉ်အတိုင်း အပြောင်းအလဲမရှိ ကျင်းပမည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ အိမ်ပြာတော် ပြောကြား

- တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင် (ဝဲ) နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်တို့အား မေလ ၂၆ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ဆိုးလ်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)

ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးအစည်းအဝေးအား အစီအစဉ်အတိုင်း အပြောင်းလဲမရှိ၊ နှစ်နိုင်ငံ သဘောတူထားသည့်အတိုင်း နောက်လတွင် ကျင်းပမည် ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ သမ္မတအိမ်ပြာတော်က သြဂုတ်လ ၂၈ ရက်တွင် ပြောကြားလိုက်သည်။

ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးအစည်းအဝေး နှောင့်နှေးမည်လောဟူသော မေးမြန်းသည့်အပေါ် အိမ်ပြာတော် ပြောခွင့်ရပုဂ္ဂိုလ် Kim Eui-keum က မည်သည့်အရာမျှ ပြောင်းလဲမှုမရှိကြောင်း သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ကိုရီးယားနှစ်နိုင်ငံတို့သည် အဆင့်မြင့်ဆွေးနွေးပွဲများအား ယခုလအစောပိုင်း၌ ပြုလုပ်ခဲ့ပြီး တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်တို့အကြား စက်တင်ဘာလကုန်မတိုင်မီ ပြုံယမ်းမြို့၌ တတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေးပြုလုပ်ရန် သဘောတူခဲ့သည်။

သို့သော်လည်း ထိပ်သီးအစည်းအဝေးပြင်ဆင်ရေးအတွက် လိုအပ်သော လုပ်ငန်းအဆင့် ဆွေးနွေးမှုများအတွက် အသေးစိတ်အချက်အလက်များအား သဘောတူထားခြင်း မရှိသေးကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံအနေဖြင့် ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးအစည်းအဝေးအတွက် မြောက်ကိုရီးယားနိုင်ငံနှင့် ဆက်သွယ်သွားမည်ဖြစ်ကြောင်း၊ အသေးစိတ်အချက်အလက်များ ပြောကြားရန်ကိုမူ ငြင်းဆန်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.