Connect with us

Asia

ခရီးသွားဧည့်သည်များ၏ ကျန်းမာရေးကို ကာကွယ်ရန် ရည်ရွယ်ချက်ဖြင့် ထိုင်းနိုင်ငံရှိ ကမ်းခြေများတွင် ဆေးလိပ်သောက်ခြင်းကို တားမြစ်

ထိုင်းနိုင်ငံရှိ ကမ်းခြေတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံရှိ အများပြည်သူဆိုင်ရာ ကမ်းခြေများအားလုံးတွင် အမှိုက်စွန့်ပစ်မှု လျှော့ချသည်သာမက ခရီးသွားဧည့်သည်များ၏ ကျန်းမာရေးကို ကာကွယ်သည့်အနေဖြင့် ဆေးလိပ်သောက်ခြင်းကိုလည်း တားမြစ်လိုက်ကြောင်း အစိုးရ အဆင့်မြင့်အရာရှိတစ်ဦးက သြဂုတ်လ ၂၈ ရက်တွင် ပြောကြားလိုက်သည်။

အများပြည်သူဆိုင်ရာ ကမ်းခြေများတွင် ဆေးပေါ့လိပ်တိုများ စွန့်ပစ်မှုကို တားမြစ်မည်ဖြစ်ပြီး ကမ်းခြေလာရောက်သူများကို စီးကရက်မီးခိုးငွေ့ ရှူရှိုက်ရခြင်းမှ ထိန်းသိမ်းရန်အတွက် ဆေးလိပ်သောက်ခြင်းကို တားမြစ်ခြင်းဖြစ်ကြောင်း ပင်လယ်ရေကြောင်းနှင့် ကမ်းခြေဆိုင်ရာ အရင်းအမြစ်ဌာန ညွှန်ကြားရေးမှူးချုပ် Jatuporn Burutphat က အတည်ပြုပြောကြားခဲ့သည်။

ထို့ပြင် စီးကရက်တိုများတွင် ကိုနီတင်းနှင့် အာဆင်းနစ်နှင့် အခြား ဓာတုပစ္စည်းများ ပါဝင်ပြီး ပင်လယ်အတွင်းရှိ ရေနှင့် ရေနေသတ္တဝါများအား ဆိုးဝါးစွာ ပျက်စီးစေနိုင်ကြောင်း Jatuporn Burutphat က ပြောကြားခဲ့သည်။

တစ်နှစ်လျှင် ထိုင်းနိုင်ငံရှိ ကမ်းခြေတစ်ခုစီတွင် ခန့်မှန်းခြေ စီးကရက်တို ၁၀၀,၀၀၀ အမှိုက်ကောက်ခဲ့ရကြောင်း Jatuporn က ပြောကြားခဲ့သည်။

Bang Saen ကမ်းခြေ၊ Patong ကမ်းခြေနှင့် Hua Hin ကမ်းခြေ အပါအဝင် နာမည်ကျော် ကမ်းခြေ ၂၄ ခုတွင် အဆိုပါ လှုပ်ရှားမှုကို ကြေညာခဲ့ကြောင်း သိရသည်။

ဆေးလိပ်ကင်းစင်ရေး လှုပ်ရှားမှုအရ တစ်စုံတစ်ဦးသည် အများပြည်သူဆိုင်ရာ ကမ်းခြေများရှိ ခွင့်မပြုထားသောနေရာများတွင် ဆေးလိပ်သောက်ခြင်း သို့မဟုတ် ဆေးလိပ်တိုစွန့်ပစ်ခြင်း ပြုလုပ်ပါက အများဆုံး ထောင်ဒဏ် တစ်နှစ် သို့မဟုတ် ဒဏ်ငွေ ဘတ် ၁၀၀,၀၀၀ ချမှတ်ခြင်းခံရမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.