Connect with us

Asia

အထွေထွေရွေးကောက်ပွဲဆိုင်ရာ နိုင်ငံရေးကန့်သတ်ချက်အချို့ ထိုင်းဝန်ကြီးချုပ် ဖြေလျှော့မည်


ဘန်ကောက်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်-အို-ချာသည် နိုင်ငံရေးကန့်သတ်မှုအချို့ကို ဖြေလျှော့ရန် ကြားဖြတ် အခြေခံဥပဒေ၏ ပုဒ်မ ၄၄ အရ ၎င်း၏ ဆုံးဖြတ်ခွင့်အာဏာကို အသုံးပြုမည်ဖြစ်ကြောင်း သြဂုတ်လ ၂၈ ရက်က ပြောကြားခဲ့သည်။

နိုင်ငံအတွင်း မဲဆွယ်စည်းရုံးခြင်းအတွက်မှလွဲ၍ နိုင်ငံရေးပါတီများအား လှုပ်ရှားမှုအမျိုးမျိုးလုပ်ဆောင်ရန် ခွင့်ပြုခြင်းအတွက် ၎င်း၏ ဆုံးဖြတ်ခွင့်အာဏာကို မည်သို့ အသုံးပြုမည်ကိုမူ ပရာယွတ်က ပြောကြားထားခြင်း မရှိပေ။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် သြဂုတ်လ ၂၈ ရက်က ပြုလုပ်ခဲ့သော National Council for Peace and Order (NCPO) တွင် သတင်းထောက်များအား ပြောကြားနေသည့် ဝန်ကြီးချုပ် ပရာယွန် ချန်-အို-ချာအား တွေ့ရစဉ် (ဆင်ဟွာ)

နိုင်ငံရေးပါတီများအပေါ် ကန့်သတ်ထားသည့် အဖွဲ့ဝင်စုဆောင်းခြင်း၊ ပါတီစည်းမျဉ်းများ ဆိုင်းငံ့ခြင်း၊ ပါတီကိုယ်စားလှယ်အကြိုမဲများ စုစည်းခြင်း၊ ကိုယ်စားလှယ်ရွေးရန်နှင့် မူဝါဒချမှတ်ရန် သီးသန့်ဆွေးနွေးပွဲများ ပြုလုပ်ခြင်းနှင့် ပါတီ၏ အမှုဆောင်အဖွဲ့၏ အဖွဲ့ဝင်များရွေးချယ်ခြင်း စသည့် နိုင်ငံရေးဆိုင်ရာ ကန့်သတ်မှုအချို့ကို ဖြေလျှော့ပေးသွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ်က အခိုင်အမာပြောကြားခဲ့သည်။

ထို့ပြင် ဝန်ကြီးချုပ်က အထွေထွေ ရွေးကောက်ပွဲကျင်းပရန် လျာထားသည့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်ထက် အစောဆုံး ပြုလုပ်နိုင်မည်ဟု အာမခံထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.