Connect with us

Asia

ဂျပန်နိုင်ငံတွင် ဇွန်လမှစတင်ကာ အိုလံပစ်အားကစားသမားများကို ကာကွယ်ဆေး ဦးစားပေးထိုးနှံပေးမည်ဟုဆို

တိုကျို ၊ မေ ၂၇ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ အိုလံပစ်ကော်မတီက ဇွန် ၁ ရက်မှစတင်၍ တိုကျိုအိုလံပစ် အားကစားပွဲတွင် ဂျပန်နိုင်ငံကိုယ်စားပြုမည့် ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများကို COVID-19 ရောဂါ ကာကွယ်ဆေး ဦးစားပေး ထိုးနှံသွားမည်ဖြစ်ကြောင်း လတ်တလောရက်ပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။သတင်းအချက်အလတ်များအရ ဂျပန်နိုင်ငံ အိုလံပစ် အားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်အဖွဲ့ဝင် ၁,၆၀၀ ခန့်ရှိပြီး အားကစားသမားများ ၊ နည်းပြများ နှင့် အသင်းအုပ်ချုပ်သူများပါဝင်ကြောင်း ၊ ၎င်းတို့အနက် အများစုမှာ အားကစာသမားများဖြစ်ပြီး လူပေါင်း ၆၀၀ ခန့်ရှိကြောင်း ၊ လက်ရှိတွင် မည်သည့် ကာကွယ်ဆေးအမျိုးအစားကိုထိုးနှံပေးမည်ကို အတိအကျမသိရှိရသေးကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးသည့် လုပ်ငန်းကို တိုကျို အမျိုးသားလေ့ကျင့်ရေးစင်တာတွင် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းများက ဒေသအသီးသီး မှ အားကစားအဖွဲ့မျိုးစုံကို ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဂျပန်နိုင်ငံသတင်းမီဒီယာ၏ဖော်ပြချက်အရ ဂျပန် နိုင်ငံ အိုလံပစ် နှင့် မသန်စွမ်းအိုလံပစ် ကိုယ်စားလှယ်အဖွဲ့တွင် လူဦးရေစုစုပေါင်း ၂,၅၀၀ ခန့်ပါဝင်မည်ဖြစ်ကြောင်း ၊ ဂျပန်နိုင်ငံ မသန်စွမ်းအိုလံပစ် ကော်မတီအနေဖြင့် ကာကွယ်ဆေးထိုးပေးမည့် အစီအစဉ်မကြေညာသေးကြောင်း သိရသည်။

ဂျပန်နိုင်ငံတွင် ကပ်ရောဂါအခြေအနေ ခက်ခဲစွာကြုံတွေ့နေရပြီး ဒေသပေါင်း ၉ ခုကို အရေးပေါ်အခြေအနေကြေညာထားရသော်လည်း ဂျပန်နိုင်ငံပြည်သူများက စိုးရိမ်နေသောအကြောင်းတစ်ခုမှာ အိုလံပစ်ပြိုင်ပွဲလာရောက်ကြမည့် အခြားနိုင်ငံ အားကစားသမားများထံ ရောဂါကူးစက်မည်ကိုဖြစ်ကြောင်း ဂျပန်နိုင်ငံ အိုလံပစ်ကော်မတီ အကြီးတန်းဘုတ်အဖွဲ့ဝင် MOMII Keiko က ပြောကြားခဲ့သည်။ MOMII Keiko က မိမိတို့အနေဖြင့် ကမ္ဘာ့နိုင်ငံ နှင့် ဒေသအသီးသီး တို့မှ အားကစားသမားများကို အစွမ်းကုန်ကာကွယ်ဆေးထိုးနှံပေးမည့်အပေါ် နားလည်ရန် ၊ သို့မှသာ ၎င်းတို့အနေဖြင့် အိုလံပစ်ပွဲကာလအတွင်း ဂျပန်နိုင်ငံ၌ ရောဂါပိုးပျံ့နှံ့မှုဖြစ်ပွားခြင်းကို ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုလအစောပိုင်းအချိန်တွင် အမေရိကန်နိုင်ငံ Pfizer ကုမ္ပဏီ က ဂျပန်နိုင်ငံသို့ အိုလံပစ်အားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများ နှင့် အသင်းအုပ်ချုပ်သူများတွက် ကာကွယ်ဆေး ထောက်ပံ့ပေးလိုကြောင်းသဘောတူညီခဲ့ကြပြီး MOMII Keiko ကလည်း ယင်းလှူဒါန်းပေးသည့် ကာကွယ်ဆေးများ ဂျပန်နိုင်ငံသို့ ရောက်ရှိနေပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကာကွယ်ဆေးထိုးနှံမှုဆောင်ရွက်ရာတွင် လူတစ်ဦးလျှင် ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံမှုခံယူရမည် ဖြစ်ပြီး နှစ်ကြိမ်ထိုးနှံရာတွင် ရက်ပေါင်း အနည်းဆုံး ၁၈ ရက်ကွာခြားရမည်ဖြစ်သောကြောင့် ဂျပန်နိုင်ငံ အိုလံပစ်ကော်မတီအနေဖြင့် သက်ဆိုင်ရာ အားကစားအဖွဲ့အစည်းအားလုံးနှင့် ညှိနှိုင်းဆောင်ရွက်၍ ဇူလိုင် ၂၃ ရက် အိုလံပစ်ပွဲမစတင်မီ ကာကွယ်ဆေးထိုးနှံသည့် လုပ်ငန်း ဆောင်ရွက်ပြီးစီးအောင်ကြိုးပမ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ၏ COVID-19 ရောဂါကာကွယ်ဆေးထိုးနှံပေးသည့် လုပ်ငန်းသည် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ဆောင်ရွက်မှု အနှေးကွေးဆုံးဖြစ်ပြီး လက်ရှိချိန်ထိ ဆေးဘက်ဆိုင်ရာဝန်ထမ်း နှင့် သက်ကြီးရွယ်အိုများ ကာကွယ်ဆေး ၂ ကြိမ် ထိုးနှံပြီးစီးသည့် ရာခိုင်နှုန်းမှာ စုစုပေါင်း လူဦးရေ၏ ၂ ရာခိုင်နှုန်းခန့်သာရှိသေးကြောင်း သိရှိရသည်။ (Xinhua)
…………………………………………
(Chinese Version)

(体育•奥运会)日本将从6月开始优先给奥运代表团成员接种疫苗

新华社东京5月27日电(记者王子江)日本奥委会日前宣布,将从6月1日开始为参加东京奥运会的日本代表团所有成员优先接种新冠肺炎疫苗。
据透露,日本奥运会代表团大约有1600人,包括运动员、教练员和官员,其中运动员大约600人,有些尚未获得奥运会参赛资格的运动员也在接种之列。他们的疫苗接种工作将在东京国家训练中心进行,负责接种的医务人员全部来自全国各个体育组织。

《日本时报》当天报道,日本奥运会和残奥会代表团总共估计有2500人左右,日本残奥委会还没有公布疫苗接种计划。
尽管日本本国的疫情形势严峻,多达9个都道府县依然处于紧急状态之中,但日本民众最担心的居然是其他国家和地区的运动员在奥运会期间传播病毒。日本奥委会常务理事籾井圭子说:“我们理解每个国家和地区代表团的成员都会尽可能地接种疫苗,这样他们就可以避免在日本传播病毒。”
本月早些时候,美国辉瑞公司已经同意为日本参加奥运会的运动员和官员提供疫苗,籾井圭子表示这些捐赠的疫苗已经运抵日本。

由于每个人需要注射两针疫苗,两次注射需要间隔至少18天,日本奥委会将与所有单项体育组织协调,争取在7月23日奥运会开幕前让所有代表团成员完成接种。
据悉,日本新冠疫苗接种工作在发达国家中是速度最慢的,迄今只限于医务人员和老年人,目前完成两剂接种的人数仅占总人口大约2%。(完)

Photo
4月29日,戴口罩的乘客在日本京都站内行走。(新华社记者,杜潇逸摄)