Connect with us

Asia

ဂျပန် နိုင်ငံ ရှိ ဓာတုဗေဒ ပစ္စည်း ထုတ်လုပ်သည့် စက်ရုံ တစ်ခု ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ရာ ၁ ဦး သေဆုံး ၊ ၁၁ ဦး ဒဏ်ရာရရှိ

ဂျပန် နိုင်ငံ အတွင်းရှိ ဓာတုဗေဒ ပစ္စည်း ထုတ်လုပ်သည့် စက်ရုံ တစ်ခု ၂၀၁၇ ခုနှစ် ၌ ပေါက်ကွဲမှု ဖြစ်ပွားစဉ်(ဆင်ဟွာ)

တိုကျို ၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

ဂျပန် နိုင်ငံ Fukui စီရင်စု အတွင်းရှိ ဓာတုဗေဒ ပစ္စည်း ထုတ်လုပ်သည့် စက်ရုံ တစ်ခု က ဇူလိုင် ၂ ရက် ညနေပိုင်း အချိန်တွင် ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ရာ ၁ ဦး သေဆုံး ခဲ့ပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဒေသတွင်း မီးသတ် တပ်ဖွဲ့ ၏ ထုတ်ပြန်ချက်အရ ပေါက်ကွဲမှု သည် ဇူလိုင် ၂ ရက်နေ့ နေ့လယ် ၁ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး ပေါက်ကွဲမှုကြောင့် တစ်ဦး သေဆုံးခဲ့ပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ရာတွင် တစ်ဦး မှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရှိရသည်။

ပေါက်ကွဲမှုကြောင့် ဖြစ်ပွား ခဲ့သည့် မီးလောင်မှု ကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့ နှင့် မီးသတ် တပ်ဖွဲ့ တို့က ပေါက်ကွဲမှု ဖြစ်ပွား ရသည့် အကြောင်းအရင်း အား စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရှိရသည်။

ပေါက်ကွဲမှု ဖြစ်ပွား ခဲ့သည့် ဓာတုဗေဒ ထုတ်လုပ်သည့် စက်ရုံ သည် အဓိက အားဖြင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများ နှင့် ဓာတုဆေးဝါး များ ထုတ်လုပ်သည့် စက်ရုံ တစ်ခု ဖြစ်ပြီး ၎င်း စက်ရုံ တွင် အလုပ်သမား စုစုပေါင်း ၁၉ ဦး ရှိကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.