Connect with us

Asia

စင်ကာပူနိုင်ငံတွင် အမျိုးသားပြန်လည်ပေါင်းစည်းမှု၏အမှတ်လက္ခဏာတစ်ခုအသွင်ဖြင့် ဆောင်းဦးရာသီအလယ်ပွဲ တော် ကိုကျင်းပ


စင်ကာပူ ၊စက်တင်ဘာလ ၁၄ ရက်(ဆင်ဟွာ)

စင်ကာပူနိုင်ငံတွင် မျိုးနွယ်မတူညီသော အဖွဲ့အစည်းပေါင်းစုံမှ လူ ၁,၀၀၀ ခန့်က စက်တင်ဘာလ ၁၃ ရက်ည ကအတူတကွစုဝေးကာ ရိုးရာအစဉ်အလာပွဲတော်တစ်ခုဖြစ်သည့် ဆောင်းဦးရာသီအလယ်ပွဲ တော် ကိုကျင်းပခဲ့ကြကြောင်း၊ အမျိုးသားပြန်လည်ပေါင်းစည်းမှု၏အမှတ်လက္ခဏာတစ်ခုအသွင်ဖြင့် မိသားစုပြန်လည်ပေါင်းဆုံပွဲအခမ်းအနားဖြစ်ကြောင်းသိရသည်။

ဆယ့်နှစ်ကြိမ်မြောက် ဆောင်းဦးရာသီအလယ်ပွဲတော် အမျိုးသားပြန်လည်ပေါင်းစည်းမှုအထိမ်းအမှတ် ဖြစ်သောဂါလာညစာစားပွဲကိုတက်ရောက်သူ ၁,၀၀၀ ခန့်ရှိခဲ့ပြီးစင်ကာပူပြည်ထဲရေးဝန်ကြီးဌာနအဆင့် မြင့်အတွင်းဝန် Sun Xueling နှင့် စင်ကာပူနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Hong Xiaoyong တို့လည်းတက်ရောက်ခဲ့ကြကြောင်းသိရသည်။

စင်ကာပူနိုင်ငံတွင် ဆောင်းဦးရာသီအလယ်ပွဲတော် ကို စက်တင်ဘာလ ၁၃ ရက်ညက ကျင်းပ နေစဉ် (ဆင်ဟွာ)

စင်ကာပူနိုင်ငံတွင် ဆောင်းဦးရာသီအလယ်ပွဲတော် ကို စက်တင်ဘာလ ၁၃ ရက်ညက ကျင်းပ နေစဉ် (ဆင်ဟွာ)

စင်ကာပူနိုင်ငံတွင် ဆောင်းဦးရာသီအလယ်ပွဲတော် ကို စက်တင်ဘာလ ၁၃ ရက်ညက ကျင်းပ နေစဉ် (ဆင်ဟွာ)

အခမ်းအနားသို့တက်ရောက်လာသူများက သီချင်းဆိုခြင်း၊ကခုန်ခြင်း နှင့် ကဗျာရွတ်ခြင်းများကိုပြုလုပ် ခဲ့ကြကာညစာစားပွဲ၏ စိတ်ဝင်စားဖွယ်အကောင်းဆုံးအဖြစ် Bo Bing ကစားပွဲကိုကျင်းပခ ဲ့ကြ ကြောင်း လည်းသိရသည်။(Xinhua)