Connect with us

Asia

ဆီးရီးယားနိုင်ငံမြောက်ပိုင်းရှိ ကာ့ဒ်ဒစ်ရှ်ဦးဆောင်သော စစ်သွေးကြွ တပ်မှူး၏ နေအိမ်အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား

ဆီးရီးယားနိုင်ငံ အလက်ပိုပြည်နယ် မန်ဘစ်မြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်ကားတစ်စီး သွားနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဒမတ်စကပ်စ်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ စစ်သွေးကြွတပ်မှူးတစ်ဦး၏ နေအိမ်အနီး၌ ဖေဖော်ဝါရီလ ၁ ရက်က ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားခဲ့ကြောင်း တက်ကြွလှုပ်ရှားသူများက ပြောကြားခဲ့သည်။

အဆိုပါပေါက်ကွဲမှုသည် ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အလက်ပိုပြည်နယ် မန်ဘစ် (Manbij) မြို့ရှိ ကာ့ဒ်ဒစ်ရှ် ဦးဆောင်သော မန်ဘစ် စစ်ဘက်ဆိုင်ရာကောင်စီ (MMC) တပ်မှူးတစ်ဦး၏ နေအိမ်အနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ပေါက်ကွဲမှုကြောင့် သေဆုံး၊ ဒဏ်ရာရသူမရှိကြောင်း၊ သို့သော် မန်ဘဒ်မြို့ အယ်လ်ဂျာဇီးရာလမ်းတွင် ပေါက်ကွဲမှုဖြစ်ပွားစဉ် ကာ့ဒ်ဒစ်ရှ် ဦးဆောင်သော ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) က ကင်းလှည့်နေခဲ့ခြင်း ဖြစ်ကြောင်း သတင်းက ဆိုသည်။ (Xinhua)