Connect with us

Asia

တရုတ်နိုင်ငံတော် ကောင်စီဝင် ဝမ်ရိ ချစ်ကြည်ရေးခရီးနှင့် အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ရောက်ရန် ထိုင်းနိုင်ငံသို့သွားမည်

တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်မည့် တရုတ်-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အာဆီယံ-တရုတ်၊ ဂျပန်နှင့် တောင်ကိုးရီးယား နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အရှေ့အာရှထိပ်သီးအစည်းအဝေး၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် အာဆီယံဒေသဆိုင်ရာဖိုရမ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးများသို့ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၃၀ ရက်မှ သြဂုတ်လ ၃ ရက်အထိ ဘန်ကောက်တွင်ရှိနေစဉ်အတွင်း ဝမ်သည် ချစ်ကြည်ရေးခရီး အဖြစ်လည်း လည်ပတ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်က ဇူလိုင်လ ၂၅ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ဝမ်သည် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဒုံ ပရာမွတ်ဝီနိုင် (Don Pramudwinai) ၏ ဖိတ်ကြားချက်ဖြင့် သွားရောက်ခြင်းဖြစ်ကြောင်း ဟွာက ဆိုသည်။ (Xinhua)