Connect with us

Asia

တရုတ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့ ငလျင် ကြိုတင်သတိပေးစနစ်တွင် ပူးပေါင်းဆောင်ရွက်

ငလျင်ကြိုတင်သတိပေးစနစ် ပူးတွဲတည်ဆောက်ရေးစီမံကိန်း လက်မှတ်ရေးထိုးပွဲ၌ အင်ဒိုနီးရှားနှင့် တရုတ် နိုင်ငံများမှ ကိုယ်စားလှယ်များ သဘောတူလက်မှတ်ရေးထိုးနေစဉ် (ဆင်ဟွာ)

ဂျကာတာ၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

တရုတ် သုတေသနနှင့် တည်ဆောက်ရေးအဖွဲ့အစည်းနှင့် အင်ဒိုနီးရှားနိုင်ငံအဖွဲ့အစည်းတို့က အင်ဒိုနီးရှားနိုင်ငံရှိ နေရာများစွာ၌ ငလျင်ကြိုတင်သတိပေးစနစ် (EEWS) အား တပ်ဆင်ရန် ပူးတွဲတည်ဆောက်ရေးစီမံကိန်းအား သြဂုတ် ၁၅ ရက်တွင် ကြေညာလိုက်ပြီး ယင်း စီမံကိန်းက လက်ရှိတွင် ဆူနာမီသတိပေးစနစ်ကိုသာ လုပ်ဆောင်ပေးနေသည့် စနစ်အား ပြီးပြည့်စုံစေရန် ရည်ရွယ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ Care-Life (ICL) အဖွဲ့နှင့် အင်ဒိုနီးရှားနိုင်ငံ၏ မိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိဗေဒလုပ်ငန်း (BMKG) တို့က လုပ်ဆောင်သည့် အဆိုပါ ပူးတွဲစီမံကိန်းအရ EEWS ကိရိယာကို ဆန်ဒါရေလက်ကြား၊ West Java , Banten နှင့် ငလျင်ဖြစ်ပွားလေ့ရှိသော ဆူမတြားကျွန်းပေါ်ရှိ အခြားပြည်နယ်များတွင် တပ်ဆင်ခဲ့ကြောင်း သိရသည်။

တရုတ် ယဉ်ကျေးမှုကောင်စစ်ဝန် ကျိုးဘင်က အင်ဒိုနီးရှားနိုင်ငံတွင် EEWS ပူးတွဲတည်ဆောက်မှုအား ချီးကျူးပြောကြားလိုက်ရင်း ထိုပူးတွဲစီမံကိန်းက သဘာဝဘေး သက်သာလျော့ပါးရေးတွင် တရုတ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ICL ညွှန်ကြားရေးမှူး Wang Tun က အင်ဒိုနီးရှားနိုင်ငံက ပစိဖိတ် ငလျင်စက်ဝန်းဟုခေါ်ဆိုသော ကမ္ဘာပေါ်မှာ ငလျင်ဖြစ်ပွားမှု အများဆုံးဇုန်ပေါ်မှာ တည်ရှိကြောင်း ပြောကြားခဲ့သည်။ထို့ပြင် BMKG အကြီးအကဲ Dwikorita Karnawati ကလည်း EEWS တည်ဆောက်မှုက ငလျင်အန္တရာယ်ဒဏ် ခြိမ်းခြောက်မှုများ ကြုံတွေ့ရသည့် အင်ဒိုနီးရှားနိုင်ငံအတွက် အရေးပါသော စီမံကိန်းများဖြစ်ကြောင်း ပြောကြားခဲ့သည်။ “EEWS က ငလျင်မဖြစ်ပွားမီ ၁၅ စက္ကန့်မှ ၁၀ စက္ကန့်အထိ သတိပေးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါက ပြည်သူတွေ ဘေးကင်းစိတ်ချဖို့အတွက် ရွှေရောင်လွှမ်းတဲ့အချိန်အခါပါပဲ” ဟု Dwikorita Karnawati က ပြောခဲ့သည်။ (Xinhua)