Connect with us

Asia

အိန္ဒိယနိုင်ငံဝန်ကြီးချုပ်က ဗဟိုကာကွယ်ရေးဦးစီးချုပ်ရုံးတည်ထောင်မည်ဟုကြေညာ

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒြာမိုဒီ (Narendra Modi) အားတွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံအနေဖြင့် ကြည်း၊ရေ၊လေတပ်မတော် ၃ခု ခေတ်မီတိုးတက်စေရန် နှင့် ပိုမိုကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုများဆောင်ရွက်ရန် ဗဟိုကာကွယ်ရေးဦးစီးရုံး (CDS) ကို မကြာမီတည်ထောင်မည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒြာမိုဒီ (Narendra Modi) က သြဂုတ် ၁၅ရက် လွတ်လပ်ရေးနေ့တွင် မိန့်ခွန်းပြောကြားခဲ့သည်။

“ကျွန်တော်တို့တပ်မတော် ၃ရပ်အကြား ပိုမိုကောင်းမွန်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေကို ဆောင်ရွက်ဖို့ အတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက်ကို ကျွန်တော့်အနေနဲ့ဒီနေ့ကြေညာလိုက်ပါတယ်။ အိန္ဒိယ ဗဟိုကာကွယ်ရေးဦးစီးရုံး (CDS) အခုမကြာခင်တည်ထောင်တော့မှာပါ။ ဒါက တပ်တွေကို ပိုမိုအင်အားကြီးမားစေမှာဖြစ်ပါတယ်’’ ဟု Modi ၎င်း၏ ဒုတိယသက်တမ်း ကိုမေလ ၃၀ ရက် တွင် စတင်တာဝန်ယူခဲ့ပြီးနောက် ပထမဆုံးလွတ်လပ်ရေးနေ့မိန့်ခွန်းမှာ ထိုသို့ပြောခဲ့ခြင်းဖြစ်သည်။လက်ရှိအခါသမယတွင် ကျန်းမာသည့်ကမ္ဘာကြီးဖြစ်စေရန်အတွက် ဓာတုဆေးဝါးသုံးဓာတ်မြေသြဇာများကို လျှော့ချသုံးစွဲ ရန်လည်းလယ်သမားများ ကို Modi က အကြံပြုခဲ့သည်။ (Xinhua)