Connect with us

Asia

တရုတ်နှင့် တာဂျစ်ကစ္စတန် နိုင်ငံတို့ ငွေကြေး ဖလှယ်မှုဆိုင်ရာ သဘောတူညီမှု ရရှိ

တရုတ်ယွမ်ငွေများအားရေတွက်နေစဉ် (ဆင်ဟွာ)

ယူရမ်ကီ၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ)

တရုတ် ယွမ် နှင့် တာဂျစ်ကစ္စတန်ငွေ ဆိုမိနီ ငွေကြေးတို့ အကြား ငွေကြေး ဖလှယ်မှုဆိုင်ရာ သဘောတူ လက် မှတ် ရေးထိုးသည့် အခမ်းအနားအား ဒီဇင်ဘာလ ၁၃ ရက်တွင် တရုတ်နိုင်ငံ အနောက် မြောက်ပိုင်း ရှင်းကျန်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၏ မြို့တော် ယူရမ်ကီ ၌ ပြုလုပ်ခဲ့သည်။

စက်တင်ဘာလ အတွင်းက တရုတ်နိုင်ငံ ဗဟိုဘဏ် နှင့် တာဂျစ်ကစ္စတန်နိုင်ငံ တို့အကြား ငွေကြေးဖလှယ်မှု ဆိုင်ရာ သဘောတူညီမှုအား လက်မှတ်ရေးထိုးခဲ့ပြီး ယင်းသည် နှစ်နိုင်ငံ ကုန်သွယ်မှု ငွေပေးချေရာတွင် ငွေ ကြေး တစ်ခုတည်းဖြင့် ပေးချေနိုင်စေရန်နှင့် ငွေကြေးဈေးကွက် အတွင်း Liquidity ထောက်ပံ့ပေးနိုင်ရန် လက် မှတ် ရေးထိုးထားခဲ့ပြီး ဖြစ်သည်။

အဆိုပါ သဘောတူညီချက်သည် သုံးနှစ်တာ ကာလအတွက် ယွမ် ၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၇၀ မီလီယံ ဝန်းကျင်) တန်ဖိုးရှိပြီး နှစ်ဘက် သဘောတူညီမှုဖြင့် ဆက်လက် သက်တမ်း တိုးနိုင်မည် ဖြစ်သည်။

ယင်း သဘောတူညီချက်ဖြင့် ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုမြှင့်တင်ရန်၊ ဒေသတွင်း ငွေကြေးဆိုင်ရာ တည်ငြိမ် လုံခြုံမှုရှိစေရန် မျှော်လင့်ထားကြောင်း ရှင်းကျန်း ဒေသဆိုင်ရာ အစိုးရ ဥက္ကဋ္ဌ Shohrat Zakir က ပြောသည်။
တရုတ်နိုင်ငံသည် ၂၀၁၄ ခုနှစ်အတွင်း တာဂျစ်ကစ္စတန်နိုင်ငံ၏ ဒုတိယ အကြီးဆုံး ရင်းနှီးမြှုပ်နှံသူနှင့် တတိယ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ကြောင်း အကောက်ခွန် စာရင်းများက ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.