Connect with us

Asia

တရုတ်နိုင်ငံ ၏ ပထမဆုံး ပိုးလမ်းမကြီး ကုန်တင်ရထားအား ဂျော်ဂျီယာမှ လှိုက်လှဲစွာကြိုဆို

ဂျော်ဂျီယာ ဝန်ကြီးချုပ် Irakli Garibashvili က တရုတ်ကုန်တင် ရထားရောက်ရှိမှုအား ကြိုဆိုသည့်အနေဖြင့် ဘူတာရုံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးနေစဉ် (အင်တာနက်)

တီဘလီဆီ၊ ဒီဇင်ဘာလ ၁၄ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ဆိပ်ကမ်း မြို့တော် လန်းယွန်ကန်း မှ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့သို့ သွားရောက်မည့် ပထမဆုံး ပိုးလမ်းမကြီး ဖြတ်ကျော် ကုန်တင်ရထားသည် ဂျော်ဂျီယာနိုင်ငံ မြို့တော် တီဘလီဆီ သို့ ဒီဇင်ဘာလ ၁၃ရက်နေ့က ရောက်ရှိလာခဲ့ကြောင်းသိရသည်။

ဂျော်ဂျီယာ ဝန်ကြီးချုပ် Irakli Garibashvili က ယခုအချိန်သည် သမိုင်းဝင် နေ့ရက်ဖြစ်ကြောင်း နှင့် ပိုးလမ်းမကြီးသည် တရုတ်နိုင်ငံ မှ ဥရောပနိုင်ငံများသို့ ကုန်စည် ပို့ဆောင်မှုများ ပိုမိုမြန်ဆန်လာစေပြီး ကုန်ဈေးနှုန်းများ သက်သာလာစေရန် ကူညီပေးနိုင်ကြောင်း တီဘလီဆီမြို့တွင်ပြုလုပ်သည့် ကြိုဆိုပွဲ အခမ်းအနား၌ ပြောကြားခဲ့သည်။

ထို့အပြင် ၎င်းက ပိုးလမ်းမကြီးကြောင့် ဂျော်ဂျီယာ နိုင်ငံသည် ဥရောပ နှင့် အာရှ ကို ဆက်သွယ်ပေးသည့် ဗဟိုအချက်အချာ နေရာတစ်ခုဖြစ်လာကာ နိုင်ငံ အတွက် ရင်းနှီးမြှုပ်နှံမှု များစွာကို ခေါ်ဆောင် ပေးနိုင်မည် ဖြစ်ကြောင်း ထပ်မံပြောကြားခဲ့သည်။

ဂျော်ဂျီယာ စီးပွားရေးဝန်ကြီး၏ ပြောကြားချက်အရ လူသုံးကုန် အီလက်ထရောနစ် ပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်ရထား သည် တရုတ်နိုင်ငံ ဆိပ်ကမ်းမြို့တော် လန်းယွန်ကန်း မှ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် စတင်ထွက်ခွာလာပြီး ကာဇက်စတန်နိုင်ငံ နှင့် အဇာဘိုင်ဂျန်နိုင်ငံ တို့မှ တစ်ဆင့် ဂျော်ဂျီယာ နိုင်ငံသို့ရောက်ရှိလာခြင်းဖြစ်ပြီး နောက်ဆုံး၌ အစ္စတန်ဘူလ်သို့ ကုန်ပစ္စည်းများ အား ရေကြောင်းဖြင့် ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရီးစဉ် စုစုပေါင်း ကြာချိန် သည် ၁၅ရက်ခန့်သာ ရှိပြီး ပုံမှန် ရေကြောင်းလမ်းဖြင့် သွားလာခြင်းထက် ၂၅ ရက် ပိုမို တိုတောင်းသွားကြောင်း ဂျော်ဂျီယာ စီးပွားရေး ဝန်ကြီးဌာန ၏ ပြောကြားချက်အရသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.