Connect with us

Asia

တရုတ်နှင့် ပါကစ္စတန် မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်

တရုတ်နိုင်ငံ ထိပ်တန်း နိုင်ငံရေး အတိုင်ပင်ခံ ယွီကျန့်စန်း (ဝဲ) နှင့် ပါကစ္စတန်နိုင်ငံ အထက်လွှတ်တော် ဥက္ကဋ္ဌ မီယန် ရာဇာ ရက်ဘန်နီ (ယာ) တို့အား တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမာဘတ်၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

တရုတ်နှင့် ပါကစ္စတန်နိုင်ငံတို့သည် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေး တိုးမြှင့် လုပ်ဆောင်သွားရန် ဧပြီလ ၅ ရက်က သဘောတူညီခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ထိပ်တန်း နိုင်ငံရေး အကြံပေး ယွီကျန့်စန်း နှင့် ပါကစ္စတန်နိုင်ငံ အထက်လွှတ်တော် ဥက္ကဋ္ဌ မီယန် ရာဇာ ရက်ဘန်နီတို့ တွေ့ဆုံအပြီး ယခုလို သဘောတူညီချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

တရုတ် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ညီလာခံ (CPPCC) အမျိုးသား ကော်မတီ၏ ဥက္ကဋ္ဌဖြစ်သူ ယွီက တရုတ်နှင့် ပါကစ္စတန်တို့သည် အိမ်နီးချင်းကောင်း၊ မိတ်ဖက်ကောင်း၊ မိတ်ဆွေကောင်းနှင့် ညီအစ်ကိုကောင်းများ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံသို့ တရုတ် သမ္မတ ရှီကျင့်ဖိန် လာရောက်ခဲ့စဉ်က တရုတ်-ပါကစ္စတန် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေးအား ပိုမို တောင့်တင်း ခိုင်မာစေရန် ထိန်းသိမ်းသွားရေးအတွက် ဆောင်ရွက်ခဲ့ကြောင်း ယွီက ပြောသည်။

ထို့ပြင် နှစ်နိုင်ငံ အဆင့်မြင့် ဖလှယ်မှုများ မကြာခဏပြုလုပ်ခြင်း၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်း၊ နှစ်နိုင်ငံအကြား အဓိက ကိစ္စရပ်များ၌ နီးကပ်စွာ ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ တရုတ်-ပါကစ္စတန် စီးပွားရေး စြင်္က ံ တည်ဆောက်ရေးနှင့် တရုတ်နိုင်ငံမှ အဆိုပြုထားသော ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်း အကောင်အထည်ဖော်ရေး စသည်တို့အတွက် ယွီကျန့်စန်းက မီးမောင်းထိုးပြခဲ့သည်။

နှစ်နိုင်ငံလုံး အနေဖြင့် ဆိပ်ကမ်း၊ စွမ်းအင်နှင့် စက်မှုလုပ်ငန်းများ၊ ယဉ်ကျေးမှု၊ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အားကစား စသည့် နယ်ပယ်များ၌ ခိုင်မာစွာ ပူးပေါင်းသွားမည် ဖြစ်ကြောင်း သိရသည်။

CPPCC အနေဖြင့်လည်း ပါကစ္စတန် လွှတ်တော်နှင့်အတူ ဆွေးနွေးဖလှယ်မှုများ လုပ်ဆောင်သွားရန် အသင့်ရှိသလို အပြန်အလှန် လေ့လာမှုများနှင့် နှစ်နိုင်ငံ ဖွံ့ဖြိုးမှုအတွက် ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တရုတ် ထိပ်တန်း နိုင်ငံရေး အကြံပေးက ပြောကြားခဲ့သည်။

ပါကစ္စတန် အထက်လွှတ်တော် ဥက္ကဋ္ဌ ရက်ဘန်နီကလည်း ပါကစ္စတန်နှင့် တရုတ်သည် နီးကပ်သည့် ဆက်ဆံရေးဖြင့် နှစ်ကာလရှည်စွာ ချစ်ကြည် ရင်းနှီးမှု ရှိခဲ့သည့်အတွက် ဝမ်းမြောက်မိပါကြောင်း ပြန်လည် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ပါကစ္စတန်နိုင်ငံ၏ သံတမန်ဆက်ဆံရေးတွင် အုတ်မြစ် တစ်ခု ဖြစ်သည်သာမက နိုင်ငံအတွင်းရှိ နိုင်ငံရေး ပါတီများ အားလုံးနှင့်လည်း သဘောတူညီမှု ရှိပြီး ဖြစ်ကြောင်း ၎င်းက ထောက်ပြ ပြောကြားခဲ့သည်။

ထို့ပြင် CPPCC နှင့်အတူ နှစ်နိုင်ငံ ဖွံ့ဖြိုးမှု မျှဝေရေးအတွက် တွန်းအားပေးခြင်းနှင့် ရင်းနှီးစွာ ဆွေးနွေး ဖလှယ်မှုများ လုပ်ဆောင်သွားရန် ပါကစ္စတန် လွှတ်တော်က အသင့်ရှိကြောင်း ရက်ဘန်နီက ပြောကြားခဲ့သည်။

ဧပြီလ ၅ ရက်နေ့မှာပင် ယွီသည် ပါကစ္စတန် အမျိုးသား လွှတ်တော် ခေတ္တဥက္ကဋ္ဌ ဂျေ့ဗ်အာဘက်စီနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.