Connect with us

Asia

မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေး အဆင့်မြှင့်တင်ရတ် တရုတ်နှင့် သီရိလင်္ကာ ကတိပြု

တရုတ် ပြည်သူ့ နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းမှု ညီလာခံ အမျိုးသား ကော်မတီ ဥက္ကဋ္ဌ ယွီကျန့်စန်း (ယာ) နှင့် သီရိလင်္ကာနိုင်ငံ အထက်လွှတ်တော် ဥက္ကဋ္ဌ Karu Jayasuriya တို့ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၄ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့တွင် တွေ့ဆုံစဉ် (ဆင်ဟွာ)

ကိုလံဘို၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့သည် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေး အဆင့်မြှင့်တင်ရန် ဧပြီလ ၇ ရက်က သဘောတူခဲ့ကြောင်း သိရသည်။

သီရိလင်္ကာနိုင်ငံ အထက်လွှတ်တော် ဥက္ကဋ္ဌ Karu Jayasuriya နှင့် တရုတ် ပြည်သူ့ နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းမှု ညီလာခံ (CPPCC) အမျိုးသား ကော်မတီ ဥက္ကဋ္ဌ ယွီကျန့်စန်းတို့ တွေ့ဆုံခဲ့စဉ်က ယခုလို ပြောကြားခဲ့ခြင်း ဖြစ်ပြီး ပြီးခဲ့သည့် နှစ်နှစ်အတွင်း နှစ်နိုင်ငံအကြား အဆင့်မြင့် ချစ်ကြည်ရေးခရီး အပြန်အလှန် ပြုလုပ်ခဲ့ကြောင်း၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ ချဲ့ထွင်ရန်နှင့် ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်း မူဘောင်အတွင်း အဓိက စီမံကိန်းများ တည်ငြိမ်စွာ ရှေ့ဆက် လုပ်ဆောင်နိုင်ရန်အတွက်လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်းဟု လူသိများသော ပိုးလမ်းမကြီး စီးပွားရေး စြင်္က ံနှင့် ၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမကြီး စီမံကိန်းအား ရှေးဟောင်း ကုန်သွယ်မှု လမ်းကြောင်းတလျှောက် အာရှကို ဥရောပ၊ အာဖရိကတို့နှင့် ချိတ်ဆက်မည့် ကုန်သွယ်မှုနှင့် အခြေခံ အဆောက်အအုံ ကွန်ရက် တစ်ခု တည်ထောင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံက အဆိုပြုခဲ့ခြင်း ဖြစ်သည်။

ယခုနှစ်သည် တရုတ်နှင့် သီရိလင်္ကာ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး တည်ထောင်ခြင်း နှစ် ၆၀ ပြည့်မြောက်သည့်အားလျော်စွာ နှစ်နိုင်ငံ ခေါင်းဆောင်များအားဖြင့် ဘုံ သဘောတူညီချက်များအား ပိုမို အကောင်အထည်ဖော်နိုင်ရေးအတွင်း အခွင့်အရေး တစ်ခုအဖြစ် ရယူသင့်ကြောင်းနှင့် တရုတ်-သီရိလင်္ကာ မဟာဗျူမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေး ပူးတွဲ အဆင့်မြှင့်တင်ရန် ယွီက ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်က သီရိလင်္ကာနှင့်အတူ ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်း ပူးတွဲ အကောင်အထည်ဖော်ရန် နှစ်နိုင်ငံ လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် (FTA) ဆွေးနွေးမှု မြန်ဆန်စေရေးနှင့် ပြည်သူအချင်းချင်း ဖလှယ်မှု တိုးမြှင့်ရေး စသည်တို့ လုပ်ဆောင်သွားရန် အဆင်သင့်ရှိပါကြောင်း ယွီက ဆိုသည်။

၎င်းက ဆက်လက်၍ နှစ်နိုင်ငံလုံးအနေဖြင့် ကမ္ဘာနှင့် ဒေသတွင်း ရေးရာများတွင် ခိုင်မာစွာ ဆက်ဆံမှုရှိခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ အကျိုးစီးပွားများ လုံခြုံရေးအတွက် နိုင်ငံတကာ အစီအစဉ် တစ်ခု တည်ဆောက်ရေးအဖြစ် လုပ်ဆောင်သွားသင့်ကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။

သီရိလင်္ကာနိုင်ငံ အထက်လွှတ်တော် ဥက္ကဋ္ဌ Karu က သီရိလင်္ကာ၏ လူမှု-စီးပွားရေး ဖွံ့ဖြိုးမှု အထူးသဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ပညာရေးနှင့် ယဉ်ကျေးမှုအတွက် တရုတ်နိုင်ငံ၏ ထောက်ပံ့ပေးမှုအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ထို့ပြင် ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်းအား ထောက်ခံပါကြောင်းနှင့် လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် ဆွေးနွေးညှိနှိုင်းမှုများအား ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း၊ သီရိလင်္ကာသည် အိန္ဒိယ သမုဒ္ဒရာတွင် ငွေကြေးဆိုင်ရာနှင့် ကုန်စည်ပို့ဆောင်ရေး စင်တာ တစ်ခု ဖြစ်လာကြောင်း၊ ၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမကြီး တည်ဆောက်ရေးတွင် တက်ကြွစွာ ပါဝင်ရန် ဆန္ဒရှိကြောင်းနှင့် နိုင်ငံအတွင်းသို့ တရုတ် ကုမ္ပဏီများစွာ လာရောက် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ပါကြောင်း Karu က ပြောသည်။ဧပြီလ ၇ ရက်တွင် ယွီက သီရိလင်္ကာနိုင်ငံ သမ္မတ Maithripala Sirisena နှင့် ဝန်ကြီးချုပ် Ranil Wickremesinghe တို့နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ (Xinhua)