Connect with us

Asia

ဆီးရီးယား လေတပ် အခြေစိုက်စခန်းအား အမေရိကန် ဒုံးကျည် တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံးကြောင်း စောင့်ကြည့်ရေးအဖွဲ့ ထုတ်ပြန်

အမေရိကန်က ဒုံးကျည် ပစ်လွှတ်ခြင်းအား ဧပြီလ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒမတ်စကက်၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ အလယ်ပိုင်းရှိ လေတပ်အခြေစိုက် စခန်းတစ်ခုကို အမေရိကန်နိုင်ငံက ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ဆီးရီးယား စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း လေ့လာစောင့်ကြည့်ရေးအဖွဲ့ တစ်ဖွဲ့က ပြောကြားခဲ့သည်။

အမေရိကန်က ဒုံးကျည် တိုက်ခိုက်မှုကြောင့် Shairat လေတပ် အခြေစိုက်စခန်း လုံးဝနီးပါး ပျက်စီးသွားခဲ့ကြောင်း လူ့အခွင့်အရေးဆိုင်ရာ ဆီးရီးယားအရေး စောင့်ကြည့်လေ့လာသည့် အဖွဲ့ထံမှ သိရသည်။

ယနေ့ (ဧပြီလ ၇ ရက်) အရုဏ်ဦးတွင် ဆီးရီးယားနိုင်ငံ အလယ်ပိုင်း ဟုမ်းစ်ပြည်နယ်ရှိ လေတပ် အခြေစိုက် စခန်းကို အမေရိကန်တို့က တာဝေးပစ် ဒုံးကျည် ၁၀ စင်းဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန်က ယခုလို တိုက်ခိုက်ရခြင်းသည် ပြီးခဲ့သည့် ဧပြီလ ၄ ရက်က ဆီးရီးယားနိုင်ငံ အနောက်မြောက်ဘက်ရှိ သူပုန်များ တပ်စွဲထားသည့် မြို့အပေါ်သို့ ဆီးရီးယား စစ်တပ်က ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုအား လက်တုန့်ပြန်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းသို့ ဓာတုလက်နက်သုံးသည်ဆိုသော စွပ်စွဲချက်အား ဆီးရီးယား စစ်ဘက်က ငြင်းဆိုထားသည်။

အဆိုပါ အဆိပ်ဓာတ်ငွေ့ တိုက်ခိုက်မှုကြောင့် ပြည်သူ ၇၀ ဦးကျော် သေဆုံးခဲ့ကြောင်း လူ့အခွင့်အရေးဆိုင်ရာ လေ့လာစောင့်ကြည့်ရေးအဖွဲ့မှ တက်ကြွလှုပ်ရှားသူများက ပြောကြားလိုက်သည်။

သို့သော်လည်း ဆီးရီယား နိုင်ငံခြားရေးဝန်ကြီး Walid al-Moallem က Idlib ပြည်နယ်ရှိ Khan Sheikhoun မြို့ တိုက်ခိုက်မှုတွင် အဆိပ်ဓာတ်ငွေ့သုံးစွဲခဲ့ခြင်း မရှိကြောင်း ဧပြီလ ၆ ရက်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ငြင်းဆိုခဲ့သည်။

အယ်ကိုင်ဒါးနှင့် ဆက်စပ်လျက်ရှိသော Nusra Front အဖွဲ့က ပိုင်ဆိုင်သည့် လက်နက် ကုန်လှောင်ရုံ တစ်ခုအား စစ်တပ်က တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အကြမ်းဖက်သမားများက ယင်း ကုန်လှောင်ရုံအတွင်း အီရတ်မှ တင်သွင်းလာသော ဓာတုပစ္စည်းများ သိုလှောင်ထားခြင်း ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.