Connect with us

Asia

တရုတ်-ဂျပန် နှစ်နိုင်ငံ ဆက်ဆံမှုများ ငြိမ်းချမ်းသာယာသော၊ချစ်ကြည်ရင်းနှီးသော၊ပူးပေါင်းဆောင်ရွက်မှုရှိသော ဖွံ့ဖြိုးတိုးတက်မှုရှိလာစေရန် အတွက် တရုတ်ဒုတိယသမ္မတ ပြောကြား

တရုတ်နိုင်ငံ ဒုတိယသမ္မတဝမ်ချီဆန်း နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေး လက်ဆွဲနှုတ်ဆက်စဉ်(ဆင်ဟွာ)

တိုကျို၊ အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဒုတိယသမ္မတဝမ်ချီစန်း(Wang Qishan) က တရုတ်-ဂျပန် နှစ်နိုင်ငံဆက်ဆံရေးကိုငြိမ်းချမ်းသာယာသော၊ချစ်ကြည်ရင်းနှီးသော၊ပူးပေါင်းဆောင်ရွက်မှုရှိသောလမ်းကြောင်းပေါ်တွင်ဆက်လက်တိုးတက်စေရေး ဖော်ဆောင်သွားရမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

ဝမ်က ဂျပန်နိုင်ငံဝန်ကြီးချုပ်ရှင်ဇိုအာဘေး(Shinzo Abe) နှင့်တွေ့ဆုံဆွေးနွေးစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၏ အထူးကိုယ်စားလှယ်လည်းဖြစ်သူ ဒုသမ္မတ ဝမ်သည် လက်ရှိတွင် ဂျပန်နိုင်ငံသို့ အလည်အပတ်ခရီးစဉ်တစ်ခုသွားရောက်လျက်ရှိကြောင်း နှင့် ၎င်းသည် ခရီးစဉ်အတွင်း ဂျပန်ဘုရင်နာရူဟီတို(Naruhito) ၏ နန်းတက်ပွဲအခမ်းအနားသို့လည်း တက်ရောက်ခဲ့ကြောင်း  သိရသည်။

ပြီးခဲ့သော ဇွန်လက အိုဆာကာမြို့၌ကျင်းပခဲ့သည့် G20 ထိပ်သီးအစည်းအဝေးအတွင်း သမ္မတရှီ နှင့် ဝန်ကြီးချုပ်အာဘေးတို့အကြား တရုတ်-ဂျပန် နှစ်နိုင်ငံဆက်ဆံရေးနှင့်ပတ်သက်၍  အရေးပါသော သဘောတူညီချက်များစွာကို ရရှိခဲ့ကြောင်း ၊ ယင်းမှာ ခေတ်သစ်ကာလအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ခြင်းဖြစ်ကြောင်း နှင့် နှစ်နိုင်ငံဆက်ဆံရေးခိုင်မာမှုသည်  ဖွံ့ဖြိုးရေးအတွက် အခွင့်အလမ်းသစ်များစွာကို ဆောင်ကြဉ်းပေးခဲ့ပြီး ဖြစ်ကြောင်း ဝမ်က ဆိုသည်။

သမိုင်းကြောင်းဆိုင်ရာကိစ္စရပ် နှင့် ထိုင်ဝမ်အရေး ၊ နှစ်နိုင်ငံဆက်ဆံရေးကို ငြိမ်းချမ်းသာယာသော၊ချစ်ကြည်ရင်းနှီးသော၊ပူးပေါင်းဆောင်ရွက်မှုရှိသောငြိမ်းချမ်းရေး ၊ ချစ်ကြည်ရင်းနှီးရေး နှင့် ပူးပေါင်းဆောင်ရွက်မှုရှိသော လမ်းကြောင်းအတိုင်း တိုးတက်စေရေးတို့အတွက်  အဓိက အရေးကိစ္စသဘောတူညီချက်များ ပါဝင်သော တရုတ်-ဂျပန် နှစ်နိုင်ငံအကြား ထားရှိခဲ့သည့် နိုင်ငံရေးသဘောတူညီချက် လေးရပ်ပါ အခြေခံမူများကို နှစ်ဖက်စလုံးက  ကျင့်သုံး လိုက်နာရန် ဒုတိယသမ္မတ က တိုက်တွန်းပြောကြားခဲ့သည်။ 

လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု  ၊ ပြည်သူအချင်းချင်းကြားဖလှယ်မှုတိုးချဲ့ရေး နှင့် အပြုသဘောဆောင်သော  လုံခြုံရေးဆိုင်ရာ နှစ်နိုင်ငံဆက်ဆံရေးတည်ဆောက်ရေး  ကိစ္စရပ်များအပါအဝင် ဂျပန်နိုင်ငံနှင့် နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုတိုးတက်ခိုင်မာအောင် ဆက်လက်ကြိုးပမ်းသွားရန် တရုတ်နိုင်ငံက အသင့်ရှိကြောင်း ဝမ် ကဆိုသည်။

၎င်းက ဘက်စုံပူးပေါင်းဆောင်ရွက်မှုအားကာကွယ်ရေး၊ တံခါးဖွင့်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး နှင့် နှစ်ဘက်ပြည်သူများအကြား တွေ့ဆုံဆွေးနွေးမှုလုပ်ဆောင်ရေးတို့ကို ပူးတွဲဖော်ဆောင်သွားရန် ၊ ဒေသတွင်း နှင့် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး ၊ တည်ငြိမ်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အပေါင်းလက္ခဏာဆောင်သော ပူးပေါင်းပါဝင်မှုလုပ်ဆောင်သွားရန်လည်း  တိုက်တွန်းခဲ့သည်။

G20 ထိပ်သီးအစည်းအဝေးတက်ရောက်စဉ်  ဂျပန်နိုင်ငံသို့လာမည့်နွေဦးရာသီတွင်နိုင်ငံတော်အလည်အပတ်ခရီးစဉ်  တစ်ခုလာရောက်ရန် အတွက် ဝန်ကြီးချုပ်အာဘေး၏ ဖိတ်ခေါ်မှုကို  သမ္မတရှီက လက်ခံခဲ့ကြောင်း နှင့် နှစ်ဘက်စလုံးအနေဖြင့်  အနီးကပ်ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို  ဆက်လက်ထိန်းသိမ်းသွားရန်မျှော်လင့်ကြောင်း နှင့် အဆိုပါခရီးစဉ် အဆင်ပြေချောမွေ့စွာ ပြီးမြောက်အောင်မြင်စေရေး  အခြေအနေကောင်းများကို ဖန်တီးသွားရမည်ဖြစ်ကြောင်း ဝမ်က ဆိုသည်။

ဂျပန်နိုင်ငံဝန်ကြီးချုပ်အာဘေးက ဂျပန်နှင့်တရုတ် နိုင်ငံတို့အကြားကာလရှည်ကြာ အပြန်အလှန်ဖလှယ်မှု  သမိုင်းအစဉ်အလာတစ်ခု နှင့် ကာလရှည်ချစ်ကြည်ရင်းနှီးမှု ရှိခဲ့ကြောင်းဆိုသည်။ ယနေ့အချိန်အခါတွင် နှစ်နိုင်ငံအနေဖြင့် စီးပွားရေး နှင့် ကုန်သွယ်ရေးတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ခဲ့ကြောင်း ၊ နိုင်ငံတကာအရေးကိစ္စရပ်များတွင်လည်း တစ်ဖက်တည်းရပ်တည်ရန် သဘောတူညီမှုရှိခဲ့ကြောင်း နှင့် အာရှတိုက် အပါအဝင် တစ်ကမ္ဘာလုံး၏ တည်ငြိမ်ရေး နှင့် စည်ပင်ဝပြောရေးအတွက် ကြီးမားသော တာဝန်များကို ထမ်းဆောင်ထားရသူများဖြစ်ကြောင်း ဆိုသည်။

နှစ်ဖက်စလုံးအနေဖြင့် ခေတ်သစ်ထဲကို ထိုးဖောက်ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း ၊ အိုဆာကာမြို့၌ နှစ်ဖက်ခေါင်းဆောင်များတွေ့ဆုံခဲ့ပြီးနောက် ဂျပန်-တရုတ် ဆက်ဆံရေးသည် ပုံမှန်ဖွံ့ဖြိုးရေးလမ်းကြောင်း ပေါ်သို့  အပြည့်အဝ ပြန်လည်ရောက်ခဲ့ကြောင်း ၊ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုအတွက် အလွန်ကြီးမားသော အလားအလာကောင်းများကို ယူဆောင်ပေးနေကြောင်း ဆက်လက်ပြောကြားခဲ့သည်။

လာမည့်နွေဉီးရာသီတွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် ဂျပန်နိုင်ငံသို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ်လာရောက်ရန် ဂျပန်နိုင်ငံက မျှော်လင့်ထားကြောင်း ၊ တိုင်ဝမ်အရေး  အပါအဝင် ထိလွယ်ရှလွယ်သော အရေးကိစ္စရပ်များတွင် သဘောတူညီမှုရရှိအောင်  ဆွေးနွေးသွားရန် အသင့်ရှိကြောင်း နှင့် တရုတ်နိုင်ငံနှင့်အတူ ထိပ်တန်းအဆင့်ဆက်ဆံရေးအခင်းအကျင်းကိုတည်ဆောက်ရေးတွန်းအားပေးရန် ၊ ထိပ်တန်းအဆင့်အပြန်အလှန်ဖလှယ်မှု အရှိန်အဟုန်ကောင်းကို ထိန်းသိမ်းသွားရန် နှင့် ဂျပန်-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးတွင် သာယာလှပရေး ၊ သဟဇာတဖြစ်ရေး ၊ အနာဂတ်ဗဟိုပြုမှု နှင့် ခွန်အားအပြည့်ဖြစ်သက်ဝင်လှုပ်ရှားမှု တည်ဆောက်ရေးကို လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။(Xinhua)