Connect with us

Asia

တရုတ် – ဂျာမန် သိပ္ပံနှင့်နည်းပညာဆန်းသစ်တီထွင်မှုပူးပေါင်းဆောင်ရွက်ရေးညီလာခံကို ဘာလင်တွင်ကျင်းပ

တရုတ် နှင့် ဂျာမနီ အလံအားတွေ့ရစဉ် (အင်တာနက်)

ဘာလင် ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

ဂျာမဏီနိုင်ငံ၏ မြို့တော် ဘာလင်တွင် အောက်တိုဘာ ၁၄ ရက် က တရုတ် – ဂျာမန် သိပ္ပံနှင့်နည်းပညာဆန်း သစ်တီထွင်မှုပူးပေါင်းဆောင်ရွက်ရေးညီလာခံကို ကျင်းပခဲ့ကြောင်းသိရသည်။

၎င်းအခမ်းအနားတွင် နှစ်နိုင်ငံဖက်မှ နိုင်ငံရေးအသိုင်းအဝိုင်းများ နှင့် စီးပွားရေးအသိုက်အဝန်းမှကိုယ်စားလှယ် များ သည် သိပ္ပံနှင့်နည်းပညာဆန်းသစ်တီထွင်မှုဆိုင်ရာမူဝါဒများ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအောင်မြင်မှုများနှင့် အ ဓိကပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များမှ အကြံဉာဏ်များဖလှယ်ခဲ့ကြောင်းသိရသည်။

ထို့နေ့ အခမ်းအနားတွင် တရုတ် သိပ္ပံနှင့်နည်းပညာ ဥက္ကဋ္ဌ Wang Zhi Gang က မကြာသေးမီ နှစ်များအတွင်း သိပ္ပံနှင့်နည်းပညာဆန်း သစ်တီထွင်မှုပူးပေါင်းဆောင်ရွက်ရေးများကတဖြည်းဖြည်းချင်း တရုတ် – ဂျာမန်၏ ပြည့် စုံသောမဟာဗျူဟာမိတ်ဖက်ဖြစ်မှုအတွက်အရေးပါသောအခြေခံနယ်နိမိတ်အမြောက်အများပေါ် ပေါက်လာ ကြောင်း ၊ စက်မှုနည်းပညာ နှင့်လက်တွေ့ကျကျပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုး တိုးတက်မှုအတွက် ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကိုရင်ဆိုင်ဖြေရှင်းနိုင်မည်ဖြစ်ကြောင်းပြောဆိုခဲ့သည်။

တရုတ် – ဂျာမန် စက်မှုအသင်းအဖွဲ့များသည် စိတ်အားထက်သန်မှုများစွာနှင့်ပြည့်နက်နေကြောင်း ၊စီမံကိန်း များ၏ဒီဇိုင်း သိပ္ပံနှင့်နည်းပညာဆန်းသစ်တီထွင်မှုပူးပေါင်းဆောင်ရွက်မှုအလားအလာကိုပိုမိုနက်ရှိုင်းစေပြီး ၊ သိပ္ပံနှင့်နည်းပညာဆန်းသစ်တီထွင်မှုအခြေစိုက်စခန်းများတည်ဆောက်ခြင်းကို ဆက်လက်၍အားဖြည့်ရန် နှင့် ရလဒ်ပြောင်းလဲမှုကိုမြှင့်တင်ရန်ပှုးပေါင်းဆောင်ရွက်ခဲ့ကြောင်း ၊နှစ်နိုင်ငံအနေဖြင့်အနာဂတ်တွင်သူတို့၏ဖွံ့ဖြိုးတိုး တက်မှုဆိုင်ရာဟာဗျူဟာများကိုအားဖြည့်ပေးပြီးအနာဂတ်ကိုပိုမိုကောင်းမွန်အောင်အတူတကွလုပ်ဆောင်သွားမည်ဟုမျှော်လင့်ကြောင်း တရုတ် သိပ္ပံနှင့်နည်းပညာ ဥက္ကဋ္ဌ Wang Zhi Gang ကဆိုသည်။

ဂျာမန် သိပ္ပံနှင့်နည်းပညာ ဥက္ကဋ္ဌ Jorg Huck က ဂျာမန်သိပ္ပံအကယ်ဒမီသည် သဘာဝသိပ္ပံ ၊ မူဝါဒရေးရာတိုင် ပင်ဆွေးနွေးမှု ၊ ဝန်ထမ်းသင်တန်းနှင့်အခြေခံသုတေသနခိုင်မာမှုနယ်ပယ် များတွင်တရုတ် လုပ်ဖော်ကိုင်ဖက် များနှင့်ကောင်းမွန်သောပူးပေါင်းဆောင်ရွက်မှုကိုကြာမြင့်စွာထိန်းသိမ်းထားကြောင်း ၊ ယနေ့တွင် အပြည်ပြည် ဆိုင်ရာအသိုင်းအဝိုင်းသည် ရာသီဥတုပြောင်းလဲခြင်း ၊ စားနပ်ရိက္ခာဖူလုံမှုနှင့်လူမှုရေးဆိုင်ရာတရားမျှတမှု စ သည့်စိန်ခေါ်မှုများစွာနှင့်ရင်ဆိုင်နေရကြောင်း ၊ ထိုစိန်ခေါ်မှု များကိုဖြေရှင်းရာတွင်သိပ္ပံနှင့်အပြည်ပြည်ဆိုင်ရာပူး ပေါင်းဆောင်ရွက်မှုတို့သည်အလွန်အရးကြီးကြောင်းပြောဆို ခဲ့သည်။

တရုတ် – ဂျာမန် သိပ္ပံနှင့်နည်းပညာဆန်းသစ်တီထွင်မှုပူးပေါင်းဆောင်ရွက်ရေးညီလာခံကို တရုတ် သိပ္ပံ နှင့် နည်းပညာ ဝန်ကြီးဌာနကမြှင့်တင်ရေးအစီအစဉ်အရ ၂၀၁၆ ခုနှစ်တွင် တည်ထောင်ခဲ့သော ဂျာမန် – တရုတ် သုတေသန နှင့် ဖွံ့ဖြိုးတိုးတက်မှုတီထွင်မှုမဟာမိတ်အဖွဲ့ နှင့် ဂျာမနီနိုင်ငံရှိ တရုတ်သံရုံး တို့ကဆောင်ရွက်ကျင်း ပခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.