Connect with us

Asia

တရုတ်-လာအို ရထားလမ်း လွမ်ပရာဘွမ်မြို့အထိ ဖောက်လုပ်ပြီးစီး ၊ ယခုနှစ် ဆောက်လုပ်ရေး ရည်မှန်းချက်များ အားလုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့

တရုတ်-လာအိုရထားလမ်းပိုင်း လွမ်ပရာဘွမ်ဘူတာကြီးတွင် ရထားလမ်းခင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်အား ဒီဇင်ဘာ ၂၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဗီယင်ကျန်း၊ ဒီဇင်ဘာ ၃၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တရုတ်-လာအို ရထားလမ်းခင်းမှုကို ဒီဇင်ဘာ ၂၉ ရက်က လာအိုနိုင်ငံ မြောက်ပိုင်း ရှေးဟောင်းမြို့တော် လွမ်ပရာဘွမ်အထိ အဆင်ပြေချောမွေ့စွာ ဖောက်လုပ်ပြီးစီးခဲ့ပြီဖြစ်ရာ ယခုနှစ် နှစ်ဆန်းပိုင်းက သတ်မှတ်ထားသော ရထားလမ်းဆောက်လုပ်ရေး ရည်မှန်းချက်အားလုံးကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

“ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားပြီးနောက် တရုတ်-လာအို ရထားလမ်းတည်ဆောက်ရေး ဌာန အသီးသီးက ရောဂါကာကွယ်ထိန်းချုပ်ရေးနည်းလမ်းတွေကို တင်းကျပ်စွာ ဆောင်ရွက်ခဲ့ပါတယ်။ ‘သီးခြားခွဲထားမှုကို တင်းကျပ်တိကျစွာဆောင်ရွက်ကာ ကူးစက်မှုမရှိအောင် အလုပ်နှောင့်နှေးမှု မဖြစ်အောင် ’ဆိုတဲ့ လုပ်ငန်း ရည်မှန်းချက်ကို အစွမ်းကုန် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါတယ်။ ရောဂါကာကွယ်ရေး အစိမ်းရောင်လမ်းကြောင်းကတစ်ဆင့် တာဝန်ထမ်းဆောင်မယ့် ဝန်ထမ်းတွေ ၊ လိုအပ်တဲ့အထောက်အပံ့ပစ္စည်းတွေ အလုပ်ခွင်ကို ရောက်အောင်၊ လုပ်ငန်းတွေအဆက်မပြတ် လုပ်ကိုင်နိုင်အောင် ဆောင်ရွက်ခဲ့တာကြောင့် ဒီနှစ်ဆန်းပိုင်းက သတ်မှတ်ထားတဲ့ ရထားလမ်းဆောက်လုပ်ရေး ရည်မှန်းချက်တွေကို အားလုံး အကောင်အထည်ဖော်နိုင်ခဲ့တယ်။” ဟု China Railway International Co., Ltdနှင့် Laos-China Railway Co., Ltd. ဥက္ကဌ ကျွိကော်ကျန်း က ဆိုသည်။

တရုတ်-လာအိုရထားလမ်းပိုင်း လွမ်ပရာဘွမ်ဘူတာကြီးတွင် ရထားလမ်းခင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်အား ဒီဇင်ဘာ ၂၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မတ် ၂၇ ရက်မှစတင်သည့် ရထားလမ်းခင်းမှုသည် လာအိုနိုင်ငံ၏ မြို့တော် ဗီယင်ကျန်းမှ လွမ်ပရာဘွမ်မြို့ အထိ တရုတ်-လာအိုရထားလမ်းပိုင်း၏ အဓိက ရထားလမ်းကြောင်းခင်းကျင်းမှုသည် ကီလိုမီတာ (၂၄၀) ဖောက်လုပ်ပြီးစီးခဲ့ပြီဖြစ်ရာ စုစုပေါင်း ရထားလမ်းအရှည် (၅၇) ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။ လက်ရှိ ရထားလမ်းအောက်ပိုင်းဆောက်လုပ်ရေးများဖြစ်သည့် လိုဏ်ဂူ၊ တံတား၊ မြေပြင်ဖောင်ဒေးရှင်းအဓိကအပိုင်းများကို အခြေခံအားဖြင့် လုပ်ဆောင်ပြီးဖြစ်သလို ရထားလမ်းအပေါ်ပိုင်းဆောက်လုပ်ရေးဖြစ်သည့် ဘူတာအမိုးတင်ခြင်းလုပ်ငန်းများကို လုပ်ဆောင်ခဲ့ပြီး ရထားပြေးဆွဲမှုဆိုင်ရာ ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကိုလည်း ဘက်စုံ အရှိန်မြှင်တင်ဆောင်ရွက်လျက်ရှိသည်။

တရုတ်-လာအိုရထားလမ်းပိုင်း လွမ်ပရာဘွမ်ဘူတာကြီးတွင် ရထားလမ်းခင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်အား ဒီဇင်ဘာ ၂၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်-လာအို ရထားလမ်းသည် တရုတ်နိုင်ငံက အဆိုပြုသော “ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်း”နှင့် လာအိုနိုင်ငံ၏ “ကုန်းတွင်ပိတ်နိုင်ငံမှ ကုန်းတွင်းဆက်နိုင်ငံအဖြစ်သို့ ပြောင်းလဲခြင်း”မဟာဗျူဟာနှင့်ချိတ်ဆက်ထားသည့် စီမံကိန်း ဖြစ်ကြောင်း သိရသည်။

တရုတ်-လာအိုရထားလမ်းပိုင်း လွမ်ပရာဘွမ်ဘူတာကြီးတွင် ရထားလမ်းခင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်အား ဒီဇင်ဘာ ၂၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်-လာအိုရထားလမ်းပိုင်း လွမ်ပရာဘွမ်ဘူတာကြီးတွင် ရထားလမ်းခင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်အား ဒီဇင်ဘာ ၂၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်-လာအိုရထားလမ်းပိုင်း လွမ်ပရာဘွမ်ဘူတာကြီးတွင် ရထားလမ်းခင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်အား ဒီဇင်ဘာ ၂၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မြောက်ဘက် လာအို-တရုတ် နယ်စပ် Boten ဂိတ်မှ တောင်ဘက် လာအိုနိုင်ငံ၏ မြို့တော် ဗီယင်ကျန်းအထိရှိသည့် အဆိုပါရထားလမ်း၏ စုစုပေါင်းအရှည်မှာ (၄၀၀) ကီလိုမီတာကျော်ရှိပြီး တစ်နာရီလျှင် (၁၆၀)ကီလိုမီတာ မြန်နှုန်းဖြင့် ပြေးဆွဲနိုင်ရန် ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်ရာ တရုတ်နိုင်ငံ နည်းပညာ စံချိန်နှင့် စီမံခန့်ခွဲမှုစံနှုန်းများဖြင့် တည်ဆောက်သော ခရီးသည်နှင့်ကုန်ပစ္စည်း သယ်ယူပို့ဆောင်နိုင်သည့် ရထားလမ်းဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် လုပ်ငန်းများ ဘက်စုံ စတင်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာတွင် ဖွင့်လှစ်ပြေးဆွဲနိုင်ရန် ခန့်မှန်းထားကြောင်း သိရသည်။ (Xinhua) 

#LAOS, #VIENTIANE, #CHINA, #RAILWAY, #TRACK, #Xinhua, #တရုတ်, #လာအို, #ရထားလမ်း, #ဆင်ဟွာ
—————————————–
(Chinese Version)

(国际)中老铁路轨道铺至琅勃拉邦 年内建设目标全部实现

新华社万象12月29日电(记者章建华)中老铁路轨道29日顺利铺设到老挝北部古城琅勃拉邦,至此今年年初确定的铁路建设目标已全部实现。
中国铁路国际有限公司董事长、老中铁路有限公司董事长鞠国江日前接受新华社记者采访时说,新冠疫情暴发后,中老铁路各建设单位采取严格防疫措施,力争实现“强隔离、零感染、两不误”的工作目标。通过实行防疫“绿色通关”,中国作业人员和物资得以到达施工地,确保工程连续施工。今年年初确定的铁路建设目标已全部实现。
据介绍,自3月27日开始铺轨以来,从老挝首都万象至琅勃拉邦,中老铁路完成正线轨道铺设240公里,占全长的57%。目前铁路线下隧道、桥梁、路基主体基本完工,线上站房全部封顶,铁路运营准备工作也全面提速。
 中老铁路是中国“一带一路”倡议与老挝“变陆锁国为陆联国”战略对接项目,北起老中边境口岸磨丁,南至老挝首都万象,全长400多公里,设计时速160公里,采用中国技术标准和管理标准建设,为电气化客货混运铁路。工程于2016年12月全面开工,计划2021年12月建成通车。(完)

图文(1-6)中老铁路轨道铺至琅勃拉邦 年内建设目标全部实现
这是12月29日在老挝琅勃拉邦拍摄的中老铁路琅勃拉邦车站铺轨现场。新华社发(凯乔摄)